၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုနှင့် အမျိုးသားစာပေဆုအဖွဲ့ကြီး အစည်းအဝေး ညှိနှိုင်းအစည်းအဝေးကျင်းပ 

အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန် အစည်းအဝေးခန်းမတွင် ၁၄- ၁၀ -၂၀၂၁ ရက် နံနက် (၁၀ : ၀၀) နာရီက ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုနှင့် အမျိုးသားစာပေဆု အဖွဲ့ကြီး အစည်းအဝေး ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ အစည်းအဝေး ကျင်းပခဲ့သည်။ ထိုအစည်းအဝေးသို့ ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်လတ် (နောင်)၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဦးစိန်လှိုင် (သူရဇော်)၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးကြည်စိုးထွန်း (ကြည်စိုးထွန်း)၊ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဒေါ်ခင်လေးညို (မြနှောင်းညို)၊ ဒေါက်တာသန်းထွဋ် (လင်း၊ ဆေး-၁)၊ ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ ဒေါက်တာတင်မောင်ထွေး (ဒေါက်ထွေး-ဆေး/မန်း)၊ ဒေါက်တာမြင့်သန်း (ညောင်လေးပင်)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးသန်းအေး (စလင်းဘုန်းကျော်)၊ ဦးမောင်မောင်အေး (KMA)၊ ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊ ဦးမောင်မောင်ကြည် (ရေနံမြေမောင်မောင်ကြည်)၊ ဒေါက်တာမျိုးသန့်တင်၊ ပါမောက္ခကိုကိုအောင် (သိပ္ပံစာရေးဆရာကိုကိုအောင်)၊ ဒေါက်တာခင်ဆွေမြင့် (ဆွေယင်းမာ)၊ ဦးညွန့်ဆွေ (မောင်ဆွေသက်)၊ ဦးသန်းညွန့် (ဇင်မင်း-သမိန်ထော)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့က တက်ရောက်ခဲ့ကြပြီး  ဒေါက်တာတိုးလှ၊ ဦးကျော်ဦး (ကျော်ဦး)၊ ဦးဇော်မင်းဦး (ဇော်မင်းမင်းဦး)၊ ဒေါက်တာမြင့်သန်း (သန္ဓေသား)၊ ဦးနေမျိုးနိုင် (နေမျိုးနိုင်)၊ ဒေါ်မြင့်မြင့်ကြူ (ရွှေမြိုင်ပြုံးလဲ့မော်)တို့က ခွင့်ပန်ခဲ့ကြသည်။ 

အစည်းအဝေးတွင် အမျိုးသားစာပေ ဆုစိစစ် ရွေးချယ်ရေးကော်မတီဝင်များက ဘာသာရပ်အလိုက် အဖွဲ့ငယ်များသို့ အချိန်နှင့်တစ်ပြေးညီပေးပို့မှုစသည်တို့ကို အသေးစိတ်ရှင်းလင်းတင်ပြပါသည်။ ၎င်းနောက်ဘာသာရပ်အလိုက် အဖွဲ့ခေါင်းဆောင်များက မိမိတို့ ဘာသာရပ်အလိုက် ဆုရွေးချယ်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးကို မွန်းတည့် ၁၂ : ၀၀ နာရီ တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

1-85
 

2-67

3-36

4-9

အကြံပြုစာ/တိုင်ကြားစာ