“ရန်ကုန် ဌေးဇော်” ရေးသားသည့် “အသက်ရှည်ပါရေ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် လူငယ်စာပေ ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“အသက်ရှည်ပါရေ” စာအုပ်တွင် ဝတ္ထုဟန်ရေးသားထားသော စာမူ ၇ ပုဒ် ပါဝင်သည်။ အညာဒေသ၏ ရေအခက်အခဲမှသည် ရေသည် ဆေးဖြစ်ကြောင်း၊ မြေအောက်ရေလုံလောက်အောင် ထိန်းသိမ်း သုံးစွဲရန်လိုကြောင်း ပညာပေးရေးသားထားသည့်အပြင် လူကုန်ကူးခံရသော မိန်းကလေးများ၏ ဘဝ နှင့် ကယ်တင်စောင့်ရှောက်ရေးကဏ္ဍ၊ လူငယ်လူရွယ်တို့၏ လက်တွေ့ကျသော မြို့ပြထူထောင်ရေး လုပ်ငန်း၊ အနှိမ်ခံဒုက္ခသည်လူတန်းစားတို့၏ အခြေအနေ၊ အိမ်ခြေရာခြေမဲ့တို့၏ဘဝ၊ အမှိုက် ကောက်လူတန်းစားတို့၏ ဝမ်းစာရှာဖွေမှု စသည်တို့ကို အလွှာစုံအောင် ရေးသားထားသည်။ ထို့ပြင် ပရဟိတကျောင်းအချို့မှ ခါးသီးသောအတွေ့အကြုံလည်း ပါဝင်ရေးသားထားသည့်အတွက် ဘဝမျိုးစုံ ကို စုတ်ချက်အထူအပါး၊ ဆေးသားအနုအရင့် သင့်ရာရွေးချယ် ပန်းချီကားချပ်သဖွယ် ရေးသားထား သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၂၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။