“ခက်လှိုင်းကျော်” ရေးသားသည့် “ညဉ့်သုံးယံခါ အလင်္ကာ ကဗျာများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“ခက်လှိုင်းကျော်” ရေးသားသည့် “ညဉ့်သုံးယံခါ အလင်္ကာ ကဗျာများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ၂ဝ၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ကဗျာပေါင်းချုပ် ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“ညဉ့်သုံးယံခါ” စာအုပ်တွင် အလင်္ကာညဉ့်ဦးယံတွင် အဲချင်း၊ လွမ်းချင်း၊ ကာချင်း၊ ရတု၊ တေးထပ်၊ အိုင်ချင်း၊ လေးချိုးကြီး စသည့် ဂန္ထဝင်ကဗျာပုံသဏ္ဌာန်တို့ကို စုံလင်နိုင်သမျှ စုံလင်အောင် ကြိုးစား၍ ရေးဖွဲ့ထားသည်။ ဟေမာန်ဦးကဗျာတွင် မမေ့ကောင်း မပျောက်ကောင်းသည့် “ဂန္ထဝင်ထဲက ပြန်ကဟပ် အလှ” ကို တွေ့မြင်ခွင့်ရသည်။ အလင်္ကာသန်းခေါင်ယံတွင် ဒွေးချိုး၊ လေးချိုးအတွဲများကို လှပစွာ သုံးထားပြီး အလင်္ကာမိုးသောက်ယံတွင်မူ လေးဆစ်အချိုးတွဲများ ခပ်သွက်သွက်သုံး၍ ဖွဲ့နွဲ့ထား သည်ကို တွေ့ရသည်။ ဆရာခက်လှိုင်းကျော်ကို အချိုးကဗျာချစ်သူဟုပင် ဆိုနိုင်သည်။ ကဗျာသုံး စကားလုံးများ လတ်ဆက်သကဲ့သို့ ကဗျာ၏အမူအရာကလည်း ဖျတ်လတ်သွက်လက်အောင် ရေးဖွဲ့ထားသည့် စာအုပ် ကောင်း တစ်အုပ်ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို တန်ဖိုး ၂၈၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်က ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့  ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ် ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
 

အကြံပြုစာ/တိုင်ကြားစာ