“မောင်အောင် (မွေးကု)” ရေးသားသည့် “လူသားအကျိုးပြု လား” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၇ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် သုတပဒေသာ (သိပ္ပံနှင့် အသုံးချသိပ္ပံ) ဒုတိယဆုရစာမူ ဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိ လိုက်ခြင်း ဖြစ်သည်။
“လူသားအကျိုးပြု လား” စာအုပ်တွင် ရာသီဥတုကြမ်းတမ်းသော၊ တောတောင်ထူထပ်၍ သွားလာရေး ခက်ခဲသောဒေသများ၌ အဓိက အသုံးဝင်သော လားသတ္တဝါများအကြောင်းကို သိပ္ပံနည်းကျ မွေးမြူနည်းအပြင် ဆက်စပ်အကြောင်းအရာများကို အများနားလည်အောင် ကျမ်းကိုးများနှင့်တကွ ပြည့်စုံအောင်တင်ပြထားသော စာအုပ်ဖြစ်ပါသည်။ စာရေးသူသည် မွေးမြူရေးပညာရှင်ဖြစ်ပြီး လားမွေးမြူရေးကို ကိုယ်တိုင်ကိုယ်ကျဆောင်ရွက်ခဲ့သည့်အပြင် ယင်းဘာသာရပ်နှင့် စပ်လျဉ်း၍ နိုင်ငံတကာညီလာခံများ တက်ရောက်ခဲ့သူဖြစ်ရာ အချက်အလက်များမှာ ခိုင်မာသည်။ လားဝန်တင်ကို စနစ်တကျ တည်ဆောက်နေသည့် နိုင်ငံတော်၏အဖွဲ့အစည်းများအတွက် ဗဟုသုတများစွာ ပေးသည့်အပြင် အကျိုးထိရောက်စေမည့်စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၁၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။