၆- ၁၁- ၂၀၂၁ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၄၅) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၃)၊ အမှတ်(၄၅)၌  မိုးဦးကျ အချိန်၌ မိုးရွာတော့မည်ဖြစ်ကြောင်း တောင်သူဦးကြီးများကို သတိပေးနေသော လယ်ကွင်းထဲရှိ ဖားကလေးသည် မြို့ကိုရောက်ရှိသွားသောအခါမှသာ မိမိ၏ တာဝန်နှင့်အသုံးဝင်သောနေရာကို သိရှိသွားရပုံအကြောင်းကိုရေးဖွဲ့ထား သည့် “တာဝန်ကိုယ်စီ” မျက်နှာဖုံးကာတွန်း၊ ဆရာများက တပည့်များအပေါ် တူညီသောပညာများကို သင်ကြားပေး သော်လည်း လက်ခံရယူသော တပည့်များ၏ အသိဉာဏ်ပေါ်တွင် မှီတည်ကာ အသုံးဝင်မှုကွဲပြားသွားကြောင်းကို ပညာပေးတင်ဆက်ထားသည့် “ဉာဏ်ကောင်းဖို့လိုတယ်” နှစ်မျက်နှာကာတွန်း၊ ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလ အတွင်း ကျန်းမာရေးဆိုင်ရာ အသိပေးချက်များကို လိုက်နာသင့်ကြောင်း တင်ဆက်ထားသည့် “ရိုးရိုးလေး၏ စည်းကမ်း” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းများအပေါ် အနိုင်ယူတတ်သော ကိုလာအကြောင်းကို တင်ဆက်ထား သည့် “ဝါသနာ” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးကို ကူညီပါက မိမိတွင်လည်း အကျိုးထူးရရှိနိုင်ပုံကို တင်ဆက်ထား သည့် “ဖြူစင်တဲ့စိတ်ဓာတ်” တစ်မျက်နှာကာတွန်းနှင့် စကားကို ကတ်တီးကတ်ဖဲ့ ပြောတတ်သော ရန်ပိုင်စိုး၏ သူငယ်ချင်းအကြောင်းကို ရေးဖွဲ့ထားသည့် “ရန်ပိုင်စိုး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍ၌ တန်ဆောင်မုန်းလတွင် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ အလေးအမြတ်ထားကာ အလှူပြုကြ သည့် ကထိန်အလှူပွဲအကြောင်းကို တင်ဆက်ထားသည့် “ကထိန်အလှူပွဲအကြောင်း” သုတဆောင်းပါးနှင့် ရွှေသွေး ဂျာနယ်အထူးထုတ် (၂၀၂၂) တွင် ကလေးလက်ရာ ကာတွန်းများနှင့် စာစီစာကုံးများကို ထည့်သွင်းဖော်ပြနိုင်ရန် ဖိတ်ခေါ်ထားသည့် ကြော်ငြာတို့ကို ထည့်သွင်းဖော်ပြထားပါသည်။ ထို့ပြင်အခက်အခဲများနှင့် ကြုံတွေ့ရသောအခါ အတွေ့အကြုံရှိသောသူများသည် ကြုံတွေ့လာသော အခက်အခဲများကို စိတ်တည်ငြိမ်စွာဖြင့် ဖြေရှင်းနိုင်ပုံကို ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “ဘဝခရီးကြမ်း” ဝတ္ထုနှင့် ထမင်းတစ်လုတ်ပင်ဖြစ်သော်လည်း ထိုထမင်း တစ်လုတ်၏ ပိုင်ရှင်သည် မိမိ၏ကျေးဇူးရှင်ဟု မှတ်ယူထားသော ငခင်ညို၏ ကျေးဇူးသိတတ်ပုံကို အတုယူဖွယ် ရေးဖွဲ့ထားသည့် “တစ်လုတ်စားဖူး သူ့ကျေးဇူး” စကားပုံတို့ကို တင်ဆက်ထားပါသည်။  ကလေးတို့ ပေးပို့သော ကာတွန်းလက်ရာများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍနှင့် ရေတွက်၍မရသော နာမ်များ အကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ တင်ဆက်ထားသည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” အင်္ဂလိပ်စာသင်ခန်းစာ ကဏ္ဍတို့ကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။    
 

အကြံပြုစာ/တိုင်ကြားစာ