“ဇော်ဦးငြိမ်း” ရေးသားသည့် “ဗွီအက် (စ်) နိုင်ပေါလ်၏ စိတ်ကူးရောင်စုံ ဝတ္ထုတိုများ စုစည်းမှု” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဘာသာပြန်စာပေ (ရသ) ပထမဆုရစာမူ ဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိ လိုက်ခြင်း ဖြစ်သည်။
“ဗွီအက် (စ်) နိုင်ပေါလ်၏ စိတ်ကူးရောင်စုံ ဝတ္ထုတိုများ စုစည်းမှု” စာအုပ်တွင် ၂၀၀၁ ခုနှစ် စာပေဆိုင်ရာ နိုဘယ်ဆုရှင် အိန္ဒိယနွယ်ဖွား ဗြိတိသျှနိုင်ငံသား စာရေးဆရာကြီး ဗွီအက်စ်နိုင်ပေါလ်၏ ဝတ္ထုတိုများ စုစည်းမှုမှ ကောက်နှုတ်ထားသော သူ့မွေးဇာတိ ထရီနီဒတ်ကျွန်းနိုင်ငံနောက်ခံ ဝတ္ထုတို ခြောက်ပုဒ် ဖြစ်သည်။ ဗွီအက်စ်နိုင်ပေါလ်၏ မထင်မှတ်သော အလှည့်အပြောင်း၊ အထေ့အငေါ့များဖြင့် စာရေးဟန်မှာ သူမတူသော စွမ်းရည်တစ်ရပ်ပင်။ ကိုးကွယ်ယုံကြည်မှု၊ တပည့်ငယ်သားများအပေါ် အနိုင်ကျင့်တတ် သော ဆရာ၊ ဂုဏ်သိက္ခာနှင့် ဘဝအကျပ်အတည်း၊ မပြေနိုင်သော ပူဆွေးသောကနှင့် အားနာတတ်သော စိတ်၊ ဗျူရိုကရေစီဆန်လွန်းသူ ကိုယ့်ရှူးကိုယ်ပတ်ဖြစ်ရပ်၊ အမေ၏ အထင်ကြီးမှု နှင့်မေတ္တာကို လိုချင်သောသားစသည့် ဖြစ်ရပ်စုံများကို ရေးသားထားသော ရသဘာသာပြန် စာအုပ်ဖြစ်ပြီး စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၂၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။