၂၀၂၆ ခုနှစ်၊ မတ်လအတွက် အသင်းပေးစာအုပ်အဖြစ် “ညိမ်းညို ရေးသားသည့် “မခန်းသောမြစ်နှင့် အခြားဝတ္ထုတိုများ” စာအုပ် ဖြန့်ချိ
အဆိုပါ စာအုပ်သည် ပခုက္ကူစာပေဆုပြိုင်ပွဲတွင် ဝတ္ထုတိုပေါင်းချုပ် ပထမဆုရရှိသည့် စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။ ဤစာအုပ်ကို တန်ဖိုး ၄၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အသင်းဝင်များအတွက်မူ အသင်းဝင်သက်တမ်းအလိုက် သတ်မှတ်ထားရှိသည့် လျှော့နှုန်းအတိုင်း ခံစားခွင့်ရရှိမည် ဖြစ်သည်။