“ကျော်ခန့်” ရေးသားသည့် “ရင်ငြိမ်းအေး” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

၂ဝ၁၇ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုရှည် တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွက် အသင်းပေးစာအုပ်အဖြစ် “မင်းသျှင်အောင် (တွံတေး)” ရေးသားသည့် “ရာမဇာတ်ထဲက ရေကျော်မောင်မောင်” စာအုပ် ဖြန့်ချိ

၂ဝ၂၁ ခုနှစ် နိုဝင်ဘာလအတွက် အသင်းပေးစာအုပ်အဖြစ် “မင်းသျှင်အောင် (တွံတေး)” ရေးသားသည့် “ရာမဇာတ်ထဲက ရေကျော်မောင်မောင်” စာအုပ်ကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။ အဆိုပါ စာအုပ်သည် ၂ဝ၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု  စာပဒေသာ ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲ စာစဉ်အဖြစ် ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၀) ရက်တွင်  စာအုပ်  (၂၂၄)  မျိုး ထပ်မံရရှိ

 ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၁ ခုနှစ် အတွင်း ပထမအကြိမ်ထုတ်ဝေသည့် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

Subscribe to

အကြံပြုစာ/တိုင်ကြားစာ