၂၀၂၀ ပြည့်နှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် (ကနဦးအတည်ပြုအဆင့်) အစည်းအဝေး ကျင်းပ
၂ဝ၂၀ ပြည့်နှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ကနဦးအတည်ပြုအဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ကနဦးအတည်ပြုအဆင့်) အစည်းအဝေးကို ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။