နေပြည်တော်ရှိ မြို့မဈေးနှင့် ရေပန်းဥယျာဉ်တို့တွင် မသန်စွမ်းသူများအတွက် Barrier Free များ တည်ဆောက်ပြီးစီး

မသန်စွမ်းသူများ၏ အခွင့်အရေးကို အလေးထားသည့်အနေဖြင့် နေပြည်တော်ရှိ မြို့မဈေးနှင့် ရေပန်းဥယျာဉ်တို့တွင် မသန်စွမ်းသူများအတွက် Barrier Free များကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်မှ စတင်ပြီး တည်ဆောက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက်တွင် အပြီးသတ် တည်ဆောက်ပြီးစီးပြီ ဖြစ်ပါသည်။

အဆိုပါ Barrier Free ဇုံများကို ရန်ကုန်မြို့၊ ကြည့်မြင်တိုင် မျက်မမြင်ကျောင်း၏ အကြံပြုချက်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မသန်စွမ်းသူများ လွတ်လပ်စွာ၊ သက်သောင့်သက်သာရှိစွာ၊ လုံခြုံမှုရှိစွာ သွားလာအသုံးပြုနိုင်ရေး ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စေတနာလှိုင် (ရေစကြို)” ရေးသားသည့် “မြန်မာမှုကျောက်ဆစ်အနုပညာ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေ တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

၅ - ၁၂ - ၂၀၂၀ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၄၉) ထွက်ရှိ

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက် (စနေနေ့) တွင်ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၂)၊ အမှတ်(၄၉)၌ မောင်သီဟသည် မူးယစ်သေရည်သောက်မိပြီး အပျော်လွန်သွားသည့်အခါ သူ၏ကျေးဇူးရှင်သူဌေးအပေါ် မကောင်းသောအကြံများ

၂၈ - ၁၁ - ၂၀၂၀ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၄၈) ထွက်ရှိ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၂) အမှတ်(၄၈)၌ ဝေဒဗ္ဗမန္တန်ကို တတ်မြောက်သည့်ပုဏ္ဏားသည် တပည့်ဘုရားလောင်း၏ စကားကို နားမထောင်သောကြောင့်
Subscribe to

အကြံပြုစာ/တိုင်ကြားစာ