၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာစာပေဆု ပဏာမရွေးချယ်ရေး အစည်းအဝေး ကျင်းပ
၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အမျိုးသားစာပေဆုအဖွဲ့ငယ်ခေါင်းဆောင်များ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၇ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်းချက်များ နှင့်အညီ ကျင်းပသည်။