၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ကဗျာ အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

၂ဝ၁၉ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ဆန်ခါတင်အဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ကဗျာ အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၂၀ ခုနှစ် ဩဂုတ်လ ၇ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကဗျာ အဖွဲ့ငယ် ဆန်ခါတင်အဆင့်  အစည်းအဝေးသို့ ဦးရန်စိန်(ဦးစံဗြော)၊ ဦးလေးမြင့် (ရွှေဒါးမောင်လေးရည်)၊ ဦးသိန်းစိုး (မင်းချမ်းမွန်)၊ ဦးအုန်းမြင့် (မောင်ရင့်မာ-ကျောင်းကုန်း) တို့ တက်ရောက်ခဲ့ကြပြီး ဦးမြဝင်း (မြဝင်း-ဒဿန) က ခွင့်ပန်ခဲ့သည်။

၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ကဗျာ အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

အစည်းအဝေးတွင် ၂ဝ၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ကဗျာ များ ဆန်ခါတင်အဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

၈ - ၈ - ၂၀၂၀ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၃၂) ထွက်ရှိ

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၈ ရက် (စနေနေ့) တွင်ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၂) အမှတ် (၃၂) ၌ အသိပညာအတတ်ပညာဆိုသည်မှာ ပိုသည်ဟူ၍မရှိဘဲ အခါအခွင့်သင့်ပါက ဂရုတစိုက်သင်ယူ လေ့လာထားရမည်ဖြစ်ကြောင်းကို ရေးဖွဲ့ထားသည့် “ပညာလို ပိုသည်မရှိ” မျက်နှာဖုံးကာတွန်း၊

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်) ပုံနှိပ်စက်ရုံများမှ ထွက်ရှိသော အသုံးမပြုတော့သည့် ဘေးထွက်ပစ္စည်းများကို အိတ်ဖွင့်တင်ဒါဖြင့် ရောင်းချ

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်)  ပုံနှိပ်စက်ရုံများမှ ထွက်ရှိသော အသုံးမပြုတော့သည့် ဘေးထွက်ပစ္စည်းများကို အိတ်ဖွင့်တင်ဒါဖြင့် ရောင်းချလျက်ရှိရာ တင်ဒါပုံစံတစ်စောင်လျှင် ၅၀၀ဝိ/-နှုန်းဖြင့် အမှတ် (၂၂၈)၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁ ၈၂၅၉၀၈ တွင် စုံစမ်းမေးမြန်းနိုင်ကြောင်းသိရသည်။

မြန်မာ့စွယ်စုံကျမ်းထုတ်ဝေရေးဆိုင်ရာ မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ

မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၁) ပြုစုရေးဆိုင်ရာ မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့အစည်းအဝေးကို (၄-၈-၂၀၂၀) အင်္ဂါနေ့ နံနက် ၁၀ : ၀၀ နာရီက ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ပြဇာတ်စာပေ အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

အစည်းအဝေးတွင် ၂ဝ၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ပြဇာတ်စာပေ များ ဆန်ခါတင်အဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
Subscribe to

အကြံပြုစာ/တိုင်ကြားစာ