အမျိုးသားစာပေဆု ၇၅ ကြိမ်မြောက် စိန်ရတုအထိမ်းအမှတ် စာပေစကားဝိုင်းကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်၊ စာဆိုတော်နေ့တွင် ကျရောက်မည့် အမျိုးသားစာပေဆု ဆုနှင်းသဘင်ကျင်းပခြင်း (၇၅) ကြိမ်မြောက် စိန်ရတုကို ကြိုဆိုသောအားဖြင့် “အမျိုးသားစာပေဆု (၇၅) ကြိမ်မြောက် စိန်ရတုအကြို စာပေစကားဝိုင်း” ကို ၈-၁၁-၂၀၂၄ (သောကြာနေ့) နံနက် ၁၁ : ၀၀ နာရီတွင် စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။