ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Sep 01, 2022
အဆိုပါ အစည်းအဝေးသို့ စာပေဗိမာန်စာမူဆုများ စိစစ်ရွေးချယ်ရေး ကော်မတီဝင်များဖြစ်ကြသည့် ဦးညွန့်တင် (မောင်ငြိမ်းသူ- ကြို့ပင်ကောက်)၊ ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး)နှင့် ဒေါက်တာမြင့်သန်း (ညောင်လေးပင်) တို့ တက်ရောက်ခဲ့ကြပါသည်။
Aug 31, 2022
ရီချာ့ (ဂျ်) လီမိတက် (RECHARGE LIMITED)၊ မိုင်မြူးဇစ် ကုမ္ပဏီလီမိတက် (MY MUSIC COMPANY LIMITED)၊ မင်းဓမ္မ အင် (န်)  ဒပ်စထရီးယဲ (လ်) ကုမ္ပဏီလီမိတက် (MIN DHAMA HEAVY INDUSTRIAL COMPANY LIMITED)၊ မြင့်မြတ်ကြွယ်ဝ အလိုအလျောက် ဝန်ဆောင်မှုလီမိတက် (GRAND AND RICH AUTO SERVICE LIMITED) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၃၅၇ အရ စာရင်းရှင်းလင်းဖျက်သိမ်းရေးဆိုင်ရာ
Aug 30, 2022
အဆိုပါ အစည်းအဝေးသို့ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်များဖြစ်ကြသည့် ၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဒေါ်ခင်လေးညို (မြနှောင်းညို)နှင့် ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြပါသည်။ 

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ