၂၀၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေး ကျင်းပ

၂ဝ၂၂ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်း အဝေး ကို ၂ဝ၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက် နံနက် ၁၀ : ၀၀ နာရီမှ ၁၁ : ၀၀ နာရီအထိ လည်းကောင်း၊ ၁၁ : ၀၀ နာရီမှ မွန်းတည့် ၁၂ : ၀၀ နာရီအထိလည်းကောင်း၊ ၁၂ : ၀၀ နာရီမှ မွန်းတည့် ၁ : ၀၀ နာရီ အထိလည်းကောင်း၊ ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ၂ဝ၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ဘာသာရပ်ဆိုင်ရာစာမူများ အတည်ပြုအဆင့် ရွေးချယ်ထားမှု အခြေအနေကို စိစစ် ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။

01-5
 

02-11

03-8

အကြံပြုစာ/တိုင်ကြားစာ