''ခင် (တောင်ကြီး)'' ရေးသားသည့် ''တောင်ကြီးမြို့၏ ရှေးအစဉ်အလာ ရိုးရာမီးပုံးပျံပွဲတော်'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

''ခင် (တောင်ကြီး)'' ရေးသားသည့် ''တောင်ကြီးမြို့၏ ရှေးအစဉ်အလာ ရိုးရာမီးပုံးပျံပွဲတော်'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် သုတပဒေသာ (ဝိဇ္ဇာ) တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

''ခင် (တောင်ကြီး)'' ''တောင်ကြီးမြို့၏ ရှေးအစဉ်အလာ ရိုးရာမီးပုံးပျံပွဲတော်'' စာအုပ်သည် မြန်မာ့ရိုးရာဓလေ့တစ်ရပ်အဖြစ် နှစ်စဉ်ကျင်းမြဲဖြစ်သော တောင်ကြီးမြို့ ရိုးရာမီးပုံးပျံပွဲဆိုင်ရာ ဓလေ့၊ ဘာသာရေးအယူအဆ၊ မီးပုံးပျံပွဲပေါ်ပေါက်လာပုံ၊ နေ့လွှတ်မီးပုံးပျံ (အရုပ်) ပြိုင်ပွဲ၊ ပြင်ဆင်ပြုလုပ်ပုံများ၊ ညလွှတ် (မီးကျည်) ပြိုင်ပွဲ ပြင်ဆင်ပြုလုပ်ပုံ စသည့် အကြောင်းအချက်များကို မှတ်တမ်းဓာတ်ပုံများနှင့်တကွ ရေးသားတင်ပြထားခြင်းဖြစ်ရာ မီးပုံးပျံအကြောင်း သိကောင်းစရာများ နှင့်အတူ တိုင်းရင်းသားရိုးရာဓလေ့ကို လေ့လာလိုသူများအတွက်ရော၊ တောင်ကြီးမီးပုံးပျံပွဲ ဆင်နွှဲလိုသူများအတွက်ပါ လေ့လာစရာ၊ သုတမှီးစရာ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပေသည်။

အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၃၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့  ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များ တွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
 

အကြံပြုစာ/တိုင်ကြားစာ