“ကိုထွန်းရင် (အဏ္ဏဝါ)” ရေးသားသည့် “စက္ကူလှေကလေး လွှတ်ကြမယ် ကလေးကဗျာများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“ကိုထွန်းရင် (အဏ္ဏဝါ)” ရေးသားသည့် “စက္ကူလှေကလေး လွှတ်ကြမယ် ကလေးကဗျာများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ကလေးစာပေ ဒုတိယဆုရစာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“စက္ကူလှေကလေး လွှတ်ကြမယ် ကလေးကဗျာများ”  စာအုပ်တွင် မိသားစု၊ အိမ်၊ ကျောင်း စသည့် ကလေးနှင့် ပတ်ဝန်းကျင်ဆက်ဆံမှု အမူအရာ၊ ဘာသာရေးနှင့်ယှဉ်သော ယဉ်ကျေးမှုအမူအရာ၊ အလိမ္မာနှင့်ယှဉ်သော ပညာသင်အမူအရာ၊ တိရစ္ဆာန်လေးများနှင့်ယှဉ်သော စိတ်ယဉ်ကျေးမှုအမူအရာ၊ ကျန်းမာရေးအသိ၊ လမ်းသွားအသိ သတိအမူအရာ၊ ပြည်ထောင်စုချစ်၊ နိုင်ငံချစ်အမူအရာတို့ကို ရေးဖွဲ့ထားသည်။ ကလေးများနှင့် ဆက်စပ်ရာ နယ်ပယ်အသီးသီးမှ အမူအရာအမျိုးမျိုးကို ချစ်မှုချစ်ရာ ဖြစ်အောင် ချိုပြေသော၊ ကာရန်ပေါ်လွင်သော ဟန်အမူအရာတို့ဖြင့် ရွတ်ဆိုလွယ်၊ နားလည်လွယ်အောင် ရေးဖွဲ့ထားသည်။ ကလေးများ စိတ်ပျော်ရွှင်၊ သုတပွား၊ လိမ္မာယဉ်ကျေးမှုရှိအောင် အားထုတ်ရာတွင် စေတနာလောဘကို ထိန်းထိန်းသိမ်းသိမ်းဖြင့် ရေးဖွဲ့ထားရာ ကလေးများ ရွတ်ကောင်း ဆိုကောင်းသည့် ကဗျာစာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းစျေး (၂၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ