“အောင်စိုး (စိုက်ပျိုး/၁၀၇)” ရေးသားသည့် “အရိပ်ရပင်နှင့် ပန်းအလှပင်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ စီးပွားဖြစ်လုပ်ကိုင်နိုင်မည့် နည်းလမ်းများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် သုတပဒေသာ (ရိုးရိုးသိပ္ပံနှင့် အသုံးချသိပ္ပံ) ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“အရိပ်ရပင်နှင့် ပန်းအလှပင်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ စီးပွားဖြစ်လုပ်ကိုင်နိုင်မည့် နည်းလမ်းများ” စာအုပ်တွင် အရိပ်ရပင်နှင့် ပန်းအလှပင်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ စီးပွားဖြစ် လုပ်ကိုင်ရာ၌ တွက်ခြေကိုက်ပြီး ရေရှည်လုပ်ဆောင်နိုင်ရန်၊ စိတ်ပါဝင်စားသူတိုင်း လက်တွေ့စိုက်ပျိုးနိုင်ရန် ကိုယ်တွေ့များနှင့် ဖြည့်စွက်ရေးသားထားသည်။ ပန်းလောကနှင့် အပင်လောကတွင် အများအပြား ဝယ်ယူသူများအတွက် ပြည်တွင်းတွင် လုံလောက်အောင် မစိုက်နိုင်ဘဲ ပြည်ပမှ ဝယ်ယူနေကြရာ ယင်းငွေယိုပေါက်ကိုလည်း တားဆီးပေးနိုင်သည့်အပြင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းများ ကိုလည်း အောင်မြင်စွာထူထောင်နိုင်စေမည့် စာအုပ်ကောင်းဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းစျေး (၂၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။