စာရေးသူ ဇော်မြင့်နီ ရေးသားသည့် ‘ပန်းတွေပွင့်တဲ့ကမ္ဘာ လူငယ်ဝတ္တုတိုများ’ စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ လူငယ်စာပေ တတိယဆု ရရှိသည့် စာရေးဆရာ ဇော်မြင့်နီ၏ “ပန်းတွေပွင့်တဲ့ကမ္ဘာ လူငယ်ဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် အလင်းရောင်တို့ တည်ရှိရာ၊ တို့ကျောင်းဘဝ တို့အလှဆင်၊ ရွှေခဲကြက်တူရွေး၊ ငွေဗျိုင်းဖြူ၊ မေတ္တာတရား၊ အိမ်မြှောင်မြီးတို၊ ငါးကျွေးသွားရအောင်၊ သဘာဝရတနာ၊ မမြင်နိုင်သောစွမ်းအား၊ အဘိုးအိုနှင့် သစ်ငုတ်တို၊ ပန်းတွေပွင့်တဲ့ကမ္ဘာ၊ ကျောင်းသားကြီး၊ တမာလမ်းမှ အားမာန်ငှက်ကလေးများ၊ အလိုအပ်ဆုံးအရာ စသည့် ဝတ္ထုတိုပုဒ်ရေ ၂၄ ပုဒ်ပါဝင်သည်။ ကလေးအရွယ်မှ အရွယ်ရောက်သည်အထိ စာသင်ကျောင်းဝန်းကျင်၊အညာကျေးရွာဝန်းကျင်တို့ကိုအခြေခံကာ ကျောင်းစာကြိုးစားလိုစိတ်၊ လူအချင်းချင်း စာနာထောက်ထားကူညီဖေးမလိုစိတ်၊ သတ္တဝါများကို သနားကြင်နာတတ်သော စိတ်၊ လူမှုစည်းကမ်းများ လိုက်နာလိုစိတ်၊ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်ထိန်းသိမ်းလိုစိတ်၊ မိမိဇာတိရပ်ရွာကို ချစ်ခင်မြတ်နိုး ကျေးဇူးဆပ်လိုစိတ်တို့ ပေါက်ဖွားရှင်သန်လာအောင် လှုံ့ဆော်ရေးသားထားသည့်အပြင် စာဖတ်သူတို့အား သုတရော ရသပါပေးစွမ်းနိုင်မည့် ဝတ္ထုကောင်းများဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၂၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ် များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်း ရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ