၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုအဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေးကျင်းပ

၂ဝ၂၂ ခုနှစ် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကို ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၁၁ ရက် နံနက် ၁၀ : ၀၀ မှ ၁၀ : ၃၀ အထိလည်းကောင်း၊ နံနက် ၁၀ : ၃၀ မှ ၁၁ : ၀၀ အထိလည်းကောင်း၊ နံနက် ၁၁ : ၀၀ နာရီမှ ၁၁ : ၃၀ အထိလည်းကောင်း ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင်၂ဝ၂၂ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ စာအုပ်များ ဆန်ခါတင်အဆင့်ရွေးချယ်ထားမှု အခြေအနေကို စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။

11-7-23 (2)-0

11-7-23 (3)
 

အကြံပြုစာ/တိုင်ကြားစာ