၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲထုတ်ဝေခဲ့ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ၊ အတွဲ(၅ဝ)၊ အမှတ်(၇) ကို နှစ် ၅ဝ ပြည့် ရွှေရတု အထိမ်းအမှတ်အဖြစ် ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာ” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍ တွင် ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲ၊ အချိုးကျကိုယ်စားပြုမှုသည်သာ အားလုံးကို ကိုယ်စားပြုမည်၊ ရွေးကောက်ပွဲ စီမံခန့်ခွဲခြင်း၊ လူငယ်ရေးရာကဏ္ဍတွင် နှစ် (၅၀) ပြည့် ရွှေရတုသဘင်နှင့် သုတပဒေသာ စာစောင်၊ ကလေးသူငယ် ပညာရေး ယခင်နှင့် ယခု၊ အချိန်ပဟေဠိ အဖြေညှိ၊ လန်ဒန်တွင် အောင်ဆန်း နှင့် တွေ့စဉ်က၊ ဝီရိယအရင်းတည် Proactive ဖြစ်ကြပါစို့၊ သူ့အလုပ် သူလုပ်တာ ကျေးဇူးတင်စရာ လား၊ စိတ်ဓာတ်နှင့် စည်းကမ်း၊ လ ဇူလိုင်၊ ကဗျာကဏ္ဍတွင် အညတရတောသူလေး၊ ဒီမိုကရေစီ ဆိုင်ရာကဏ္ဍတွင် ဒီမိုကရေစီနဲ့ ဘာသာတရားအဆုံးအမများ၊ ကလေးစစ်သား ပပျောက်ရေးဆိုင်ရာ ကဏ္ဍတွင် ကလေးစစ်သား ပပျောက်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုးမြဲ နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်း (အပိုင်း-၁)၊ အိမ်ထောင်ဖက် အရွေးခက်နေကြသူများ၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် သစ်ရွက်ဟန်ဆောင် အင်းဆက်များ၊ ရာသီဉတုအသစ်နှင့် လေစွမ်းအင်၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် MSME များ ဖွံ့ဖြိုးရေး အားသွန်ခွန်စိုက်ကြိုးပမ်းပေး၊ အောင်မြင်သော ဖို့ဒ်မော်တော်ကားကုမ္ပဏီ၏ စီးပွားရေးမဟာဗျူဟာ၊ အမုန်းစကားဆိုင်ရာကဏ္ဍတွင် မခါးရအောင် မောင်တို့ဆိုလေ ပျားသကာသို့ ချိုလှစေ၊ မူးယစ်ဆေးဝါး ဆိုင်ရာကဏ္ဍတွင် မူးယစ်ဆေးဝါးပပျောက်ရေး ဝိုင်းဝန်းဆောင်ရွက်ပေး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၅၉)၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် လွတ်မြောက်ရေးသို့၊ ဝတ္ထုတိုကဏ္ဍတွင် ရေမြေ တောတောင် စည်းကမ်းဘောင်၊ အထွေထွေကဏ္ဍတွင် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေး မြှင့်တင်ပူးပေါင်းပါဝင်ရေး၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။