၂၂ - ၇ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၂၉) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇွန်လိုင်လ ၂၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၂၉) ၌ တောင်စောင်းပေါ်မှ ပြုတ်ကျလာသော ဥလေးကို ဖမ်းပြီး ကူညီပေးလိုက်သော ကြွက်ခေါနဲ့ ဘဲဝါလေးတို့အကြောင်း တင်ဆက်ထားသည့် “ကူညီတာပါ” မျက်နှာဖုံးကာတွန်း၊ လောဘကြီးသည့် လူဆိုးသည် “ရွှေထုပ်ကြီး” ရှောက်ပေါင်းပြားလုမှုနှင့် အဖမ်းခံလိုက်ရသည့်အကြောင်း တင်ဆက်ထားသည့် “လောဘရဲ့ သားကောင်” နှစ်မျက်နှာကာတွန်း၊ သစ်ပင်သစ်တောများ စိမ်းလန်းပြီး ရာသီဥတုများ ပြန်လည်မျှတအောင် သစ်ပင်များ စိုက်ပျိုးသင့်ကြောင်း တင်ဆက်ထားသည့် “ဖိုးလပြည့်” တစ်မျက်နှာကာတွန်း၊ သူတစ်ပါးအသက်ကို သတ်မိပါက ငရဲကြီးပြီး ဝဋ်လည်တတ်ကြောင်း သားဇော်၏ ဖခင်က ဆုံးမထားသည့်အကြောင်း တင်ဆကထားသည့် “ဝဋ်လိုက်မယ်” နှစ်မျက်နှာကာတွန်း၊ အငြိုးအတေးထားမိသည့် ဖိုးချမ်းသည် သူ့အတွက် ယူလာပေးသော အရုပ်ကို သူကိုယ်တိုင် ဖျက်ဆီးမိလိုက်သည့်အကြောင်း တင်ဆက်ထားသည့် “အငြိုးအတေး” နှစ်မျက်နှာကာတွန်း၊ ယောကျ်ားလေးနှင့် မိန်းကလေးတို့ စကားနိုင်လုကြပုံအကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “အာတူးနဲ့ မေလင်းဖြူ” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ဘဝအတွက် အမှန်တကယ် လိုအပ်နေသော အရာများကို ရွေးချယ်တတ်ရန် ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “ကစ်ဒီနောမစ်-လိုအပ်ချက်(Need)နဲ့ လိုအင်ဆန္ဒ (Want)” သုတကဏ္ဍ၊ မိဘများ မရှိသော်လည်း မိဘများရှိစဉ်က ဆုံးမသွန်သင်ခဲ့သည့် ကျေးဇူးစကားကို မမေ့မလျော့ဘဲ လိုက်နာခြင်းဖြင့် ကျေးဇူးဆပ်နေသည့် လူငယ်လေး မောင်လှအကြောင်းကို ရေးသားထားသည့် “ကျေးဇူးစကား” ပုံပြင်ကဏ္ဍ၊ သူငယ်ချင်းများနှင့်အတူ ကျောင်းပြေးမိသည့်အတွက် နောင်တရပြီး အလွန်ရှက်မိသည့် အောင်အောင်အကြောင်း ရေးသားထားသည့် “နောင်တရမိပါသည်” ဝတ္ထုကဏ္ဍနှင့် အင်္ဂလိပ်စာ ထူးချွန်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်အတွက် ကဏ္ဍစုံလင်စွာ ပါဝင်သည့် ရွှေသွေးစာစောင်ကို ဖတ်သင့်ကြောင်း ရေးဖွဲ့ထားသည့် “ရွှေသွေးစာစောင် ဖတ်ကြစို့” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

Preposition အကြောင်းကို ဥပမာများနှင့် တကွ ရှင်းလင်းထားပြီး လေ့ကျင့်ခန်းများပါ ပြုလုပ်နိုင်မည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

အကြံပြုစာ/တိုင်ကြားစာ