ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို (၂၁-၇-၂၀၂၃) ရက် နံနက် (၁၀:၀၀) နာရီတွင် စာပေဗိမာန်ရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးကို အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းအောင်ကျော် က အဖွင့်အမှာစကားပြောကြားပြီး စာတည်းမှူးချုပ် ဦးတိုးကျော်က လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ဒေါ်ယဉ်မင်းထွေး (စာတည်းမှူး)၊ ဒေါ်ဇင်မာထွေး (စာတည်းမှူး)၊ ဒေါ်ချိုချိုမြင့် (လ/ထ ညွှန်ကြားရေးမှူး)၊ ဒေါ်သီတာအေး (စာကြည့်တိုက်မှူး) တို့က လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို နေ့လယ် ၁၁ : ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

1-238


 

အကြံပြုစာ/တိုင်ကြားစာ