ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ၂၀၂၁ ခုနှစ် အတွက် စာပေဗိမာန်စာမူဆု၊ ပြဇာတ်စာပေ တတိယဆု ရရှိသည့် စာရေးဆရာ မောင်စိုးထိုက် (သုံးဆယ်) ၏ ‘ဘဝဇာတ်ခုံပေါ်က ရသများ’ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် တစ်ခန်းရပ်ပြဇာတ်နှင့် ပြဇာတ်တိုများ ပါဝင်သည်။ ဂျပန်အဝင်ကာလ ဘုန်းကြီးကျောင်းသားလေးများ၏ သတ္တိကိုဖော်ပြသည့် ပြဇာတ်၊ မိဘကျေးဇူးသိတတ်စေရန် ရေးဖွဲ့ထားသည့်ပြဇာတ်၊ ကျောင်းစာမလုပ်သည့်သားကိုထိန်းသိမ်းပေးရာအောင်မြင်သွားသဖြင့်မိဘ၏ပီတိကိုဖော်ညွှန်းသည့်ပြဇာတ်၊ အနာကြီးရောဂါကြောင့်ရှက်နေရှာသော အပျိုပေါက်ကလေးကို MDT ဖြင့် ကုသပျောက်ကင်းအောင်ကူညီပေးသည့် ပညာပေးပြဇာတ်၊ သက်ကြီးပူဇော်ပွဲများဖြစ်မြောက်ရေးကို လမ်းပြပေးသည့်ပြဇာတ်၊ သက်ကြီးအဘွားက လုံကလေး၊ လုံမကလေးများ၏လျှပ်ပေါ်လော်လီသည့် ဝတ်စားဆင်ယင်မှုများကို ပညာသားပါပါတည့်မတ်ပေးပုံ ပြဇာတ်များ ပါဝင်သည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၂၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။