၂၆ - ၈ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၃၄) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် ၁၂နှစ်အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၃၄) ၌ ဘုရင်ကြီးအပေါ်ထားရှိသည့် စေတနာမှန်ကန်မှုကြောင့် ဘုရင်ကြီး၏ လေးလေးစားစား ဆက်ဆံခြင်းကို ခံရသော ဘုရင့်အကြံပေး ကြက်တူရွေးအကြောင်း ရေးဖွဲ့ထားသည့် “ပညာရှိ ကြက်တူရွေး” မျက်နှာဖုံးကာတွန်း၊ မိခင်တိုင်းက သူတို့၏ သားသမီးများအပေါ် အသက်နှင့်ထပ်တူ ချစ်ခင်ကြသည့်အကြောင်း သရုပ်ဖော်ထားသည့် “အသက်နှင့် ထပ်တူ” နှစ်မျက်နှာ ကာတွန်း၊ မူးယစ်ဆေးကို စမ်းသုံးကြည့်ရာက သူ့ဘဝပျက်စီးရသည်အထိ ဒုက္ခရောက်သွားခဲ့ရသော ကျောင်းသားလေး ပီယအကြောင်း ရေးဖွဲ့ထားသည့် “အမှားတစ်ချက်” နှစ်မျက်နှာကာတွန်း၊ ကြီးပွား ချမ်းသာရန်အတွက် နာမည်ကောင်းကို ရွေးချယ်ပေးတတ်ရုံဖြင့် မဖြစ်နိုင်ဘဲ မိမိကိုယ်တိုင်က ကံ၊ ဉာဏ်၊ ဝီရိယတို့အပေါ်တွင် အဓိကမူတည်နေကြောင်း ရေးဖွဲ့ထားသည့် “နာမည်” နှစ်မျက်နှာကာတွန်း၊ ကျောင်းစာတွင်သာမက ဗဟုသုတပါ ပြည့်စုံသည့် ရွှေယုအကြောင်း တင်ဆက်ထားသည့် “ရွှေယုပါဝင်တဲ့ စာဖတ်ပါ” တစ်မျက်နှာကာတွန်းနှင့် စောစောထသော တီကောင်သည် ငှက်၏အစာ ဖြစ်သွားရပုံ အကြောင်း ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

 သုတကဏ္ဍအနေဖြင့် ကမ္ဘာ့အကြီးဆုံး တိရစ္ဆာန်ဥယျာဉ်ကြီး ၃ ခုအကြောင်းကို ကလေးတို့ ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍတွင် မိမိအပေါ် တစ်ပါးသူ၏ ပြုဖူးသော ကျေးဇူးကိုမေ့လျော့ကာ စိတ်ထားကောက်ကျစ်ခဲ့မှုကြောင့် အသက်ပါ ဆုံးရှုံးခဲ့ရသော ကျီးကန်း တစ်ကောင်၏အကြောင်းကို  ရေးဖွဲ့ထားပါသည်။ ဝတ္ထုကဏ္ဍတွင် သားသမီးတို့အနေဖြင့် ကျေးဇူးကြီးမား လှသော အနန္တောအနန္တငါးပါးကို စိတ်ထဲက ရိုသေရုံသာမက ကာယကံမြောက် ရှိခိုးဦးချကန်တော့ တတ်ရမည်ဖြစ်ကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ရွှေသွေးတို့လက်ရာကဏ္ဍ၊ ဉာဏ်စမ်း ကဏ္ဍနှင့် အသိပညာ၊ အတတ်ပညာနှင့် ဘဝတိုးတက်ရေးပညာများကို သင်ကြားပေးနေသည့် ဆရာ၊ ဆရာမတို့၏ ဆုံးမစကားများကို လေးစားလိုက်နာကာ တန်ဖိုးထားတတ်ရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် ဆရာ မင်းနီခိုင် (မောင်တော)၏ “ဆရာ့စကား” ကဗျာကဏ္ဍတို့ကိုပါ တင်ဆက်ထားပါသည်။

အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ညစာစားပွဲတွင် အသိမိတ်ဆွေချင်း တွေ့ဆုံလျက် စားကြသောက်ကြ ရာ အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူပြောထားသည့် အပြန်အလှန်ပြောဆိုပုံ သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။  

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

အကြံပြုစာ/တိုင်ကြားစာ