၂ - ၉ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၃၅) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် ၁၂နှစ်အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၃၅) ၌ ဘုရင်ကြီးက သူသိလိုသော မေးခွန်းသုံးခုကို ရသေ့ကြီးအား မေးမြန်းထားသည့်အကြောင်း တင်ဆက်ထားသည့် “သုံးသွယ်မေးခွန်း” မျက်နှာဖုံးဇာတ်လမ်း၊ သူတစ်ပါးကို ကူညီပေးလျှင် ကိုယ့်အကျိုးပါ ပြည့်စုံသွားနိုင်သည့်အကြောင်း တင်ဆက်ထားသည့် “ဖြိုးရဲ-ကူညီတတ်ကြပါ” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းများကို သစ်သီးများ ကျွေးချင်သော မျောက်ငညိုနှင့် ယုန်လေးဖြူဖွေးတို့၏ ဉာဏ်ကောင်းပုံအကြောင်း တင်ဆက်ထားသည့် “ဉာဏ်ရှိတဲ့ မျောက်ငညို” တစ်မျက်နှာကာတွန်း၊ ဘုရင်ကြီးသည် ပညာရှိအပေါင်းတို့ကို စမ်းသပ်ရာတွင် ဖြတ်ထိုးဉာဏ်ဖြင့် ဖြေဆိုနိုင်သည့် ပညာရှိအမတ်ကြီးအကြောင်း တင်ဆက်ထားသည့် “ပညာရှိ အမတ်ကြီး၏ ဖြတ်ထိုးဉာဏ်” နှစ်မျက်နှာကာတွန်း၊ ငါးဖမ်းသည့်အလုပ်ကို မလုပ်တော့ဘဲ စိုက်ပျိုးရေးအလုပ်ကို လုပ်ကိုင်သည့် ချက်ကြီးအကြောင်း ရေးသားထားသည့် “လမ်းမှန်” နှစ်မျက်နှာကာတွန်း၊ သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရာသီဥတုကို ပြုပြင်ထိန်းသိမ်းပေးရုံသာမ၊ တောတောင်ရေမြေကို စိမ်းလန်းစိုပြေစေပြီး ကုသိုလ်ပါရရှိမည်ဖြစ်ကြောင်း တင်ဆက်ထားသည့် “ဖိုးလပြည့်¬¬¬¬¬¬” မျက်နှာဝက်ကာတွန်းကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ 

သံစုံတီးဝိုင်းများတွင် တီးမှုတ်သော တူရိယာတစ်မျိုးဖြစ်သည့် ဆက်ဆိုဖုန်းအကြောင်း ဗဟုသုတ ရဖွယ်ရေးဖွဲ့ထားသည့် “ဆက်ဆိုဖုန်း (Saxophone)” သုတဆောင်းပါးကဏ္ဍ၊ ထောပတ်သည်ဆီမှ ပိုအမ်းငွေကို ပြန်မပေးဘဲ ယူလာမိသည့်အတွက် သူမရဲ့ပိုက်ဆံပါ ကျပျောက်သွားသည့် ဝေဝေ့အကြောင်း ရေးသားထားသည့် “မရိုးသားမှုရဲ့ ရလဒ်” ဝတ္ထုကဏ္ဍ၊ သူငယ်ချင်းအပေါ် မကောင်းစိတ် ထားမိသည့်အတွက် ရရှိထားသည့် ရွှေအိုးပါ ပျောက်ဆုံးသွားသည့် မောင်မြအကြောင်း ရေးသားထားသည့် “တောအုပ်ထဲက ရွှေအိုး” ပုံပြင်ကဏ္ဍ၊    ပညာတတ်မှ လူရာဝင်ပြီး ပညာသည် လူ၏တန်ဖိုးဖြစ်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်နှင့် ခေတ်မီနိုင်ငံထူထောင်ရန် ကလေးတို့ကြိုးစားသင့်ကြောင်း ရေးသားထားသည့် “ပညာတန်ဖိုး” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

အင်္ဂလိပ်စာ ကဏ္ဍအနေနှင့် Question Tags ကို ဥပမာများနှင့်တကွ ရှင်းလင်း¬¬ဖော်ပြထားပြီး ၄င်းနှင့် ဆိုင်သည့် လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်မည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” ကဏ္ဍတို့နှင့် ဉာဏ်စမ်းကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ