ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ဆရာ နန်းညွန့်ဆွေ၏ “သဟာယ ဆရာတင်” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိပါသည်။
ဂီတမျိုးရိုးမှ ဆင်းသက်လာသူ မဟုတ်သော်လည်း “အောင်ခြင်းရှစ်ပါး၊ စန္ဒကိန္နရီ၊ ရွှေပြောင်ပြောင်၊ ဂုဏ်မြင့်သူ၊ ဗမာ့သူရဲကောင်း၊ ချစ်ရေစင်” စသည့်တန်ဖိုးမဖြတ်နိုင်သော မြန်မာဂန္ထဝင်သီချင်းများကို ထူးချွန်ပြောင်မြောက်စွာ ရေးဖွဲ့ခဲ့သူ နာမည်ကျော် ဂီတစာဆို သဟာယ ဆရာတင်၏ ဘဝဇာတ်ကြောင်းအဖုံဖုံ၊ မြန်မာနိုင်ငံတွင် ရှေးဦးစွာ ဓာတ်လုံးခေတ် စ၍ပေါ်လာပုံ၊ ထို့နောက် ဓာတ်ပြားခေတ်ပေါ်လာကာ ခွေးတံဆိပ်ဓာတ်ပြားကုမ္ပဏီမှသည် ဗြိတိသျှဘားမားဓာတ်ပြားကုမ္ပဏီအထိ တိုးတက်များပြားလာပုံ၊ ဆရာတင်နှင့် ဂီတ လောက၊ အေဝမ်းရုပ်ရှင်ကုမ္ပဏီကိုမှီ၍ နာမည်ကျော်ကြားလာပုံ စသည့်အကြောင်းအရာများ ပါရှိပါသည်။ နိုင်ငံတစ်နိုင်ငံ၏ နှလုံးသည်းပွတ်မှာ ယဉ်ကျေးမှုပင်ဖြစ်သည်။ နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဂုဏ်ကျက်သရေကိုဆောင်ရာတွင် ဂီတသည် အရေးအပါဆုံးသော အနုပညာ တစ်ရပ်ဖြစ်ပေသည်။ တေးဂီတမျိုးစုံရှိသည့်အထဲမှ မြန်မာတေးဂီတကို ယနေ့မျိုးဆက်သစ် လူငယ်များ လေ့လာဖတ်ရှုစေလိုရေး စေတနာ၊ ရည်ရွယ်ချက်ကောင်းများဖြင့် ဆရာ နန်းညွန့်ဆွေက ပြည့်စုံစွာ ရေးသားပြုစုထားသောကြောင့် လက်မလွတ်တမ်း ဖတ်ရှုသင့် သည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၁၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။