၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ် (၃၅) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များ မှတဆင့် စတင်ဖြန့်ချိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ် (၃၅) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များ မှတဆင့် စတင်ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော် ပြန်တမ်းတွင် အပိုင်း (၁) ၊ အပိုင်း (၂) နှင့် အပိုင်း (၄)တို့ ပါရှိပါသည်။

အပိုင်း (၁) တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ နယ်စပ်ရေးရာဝန်ကြီးဌာန (ဝန်ကြီးရုံး)  အမိန့်ကြော်ငြာစာ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ကျန်းမာရေးဝန်ကြီးဌာန အမိန့် ကြော်ငြာစာတို့ ပါဝင်သည်။ 

အပိုင်း (၂) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အမိန့်ကြော်ငြာစာ

အပိုင်း (၄) တွင် Snow Village Mandalay Co., Ltd အစုရှင်များ၏ဆန္ဒအလျောက် ဖျက်သိမ်းဆဲ နောက်ဆုံးအစည်းအဝေးဖိတ်ကြားခြင်း၊ UNCLE M.C COMPANY LIMITED Under Member’s In Company Voluntary Winding-up (Desirable Liquidation in Progress) (Final Meeting and Dissolution)၊ QI CAI COMPANY LIMITED Under Member’s In Company Voluntary Winding up (Desirable Liquidation in Progress) (Final Meeting and Dissolution)၊ Zhen Dan (Myanmar) Knitting Industry Company Limited မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၄၇ (က) (၂) နှင့် ပုဒ်မ ၁၅၂ (က) အရ အစုရှယ်ယာရှင်၏ ဆန္ဒအလျောက် ဖျက်သိမ်းခြင်း ကုမ္ပဏီဖျက်သိမ်းကြောင်း ကြော်ငြာတို့ ပါဝင်ပါသည်။

ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင် လျှင် ၇၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။ 
 

အကြံပြုစာ/တိုင်ကြားစာ