ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ် (၃၆) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင်ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော် ပြန်တမ်းတွင် အပိုင်း (၁) ၊ အပိုင်း (၂) နှင့် အပိုင်း (၄)တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ၊ ပုဂံကမ္ဘာ့အမွေအနှစ် ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီ အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန (၁) (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ အလုပ်သမားဝန်ကြီးဌာ အမိန့်ကြော်ငြာစာ၊ ပညာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမိန့်ကြော်ငြာစာတို့ ပါဝင်သည်။
အပိုင်း (၂) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အမိန့်ကြော်ငြာစာ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အမိန့်ကြော်ငြာစာတို့ ပါဝင်သည်။
အပိုင်း (၄) တွင် MYANMAR CRUISES LIMITED NOTICE FOR THE MEMBERS’ VOLUNTARY WINDING-UP UNDER SECTION 147 (A) (2) OF INSOLVENCY LAW၊ THIRI HINTHA SERVICES COMPANY LIMITED (၂၀၁၇) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ (၃၄၈) အရ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းကြောင်း ကြေညာခြင်း၊ ကောင်းဇော်ဟိန်း စက်မှု ထုတ်လုပ်မှု ကုမ္ပဏီလီမိတက် (KAUNG ZAW HEIN INDUSTRIAL CO.,LTD) အစုရှင်များ၏ဆန္ဒ အရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ IBARMASO COMPANY LIMITED မြန်မာနိုင်ငံ လူမွဲ ခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ(၁၄၇) အစုရှယ်ယာရှင်များဆန္ဒအလျောက် ကုမ္ပဏီအားစာရင်း ရှင်းလင်း ဖျက်သိမ်းရန်ကြေညာခြင်း၊ ဂျိုးရတနာထရေးဒင်း ကုမ္ပဏီလီမိတက် (JOE YADANAR TRADING CO.,LTD) အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း ကြော်ငြာတို့ ပါဝင်ပါသည်။
¬
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင် လျှင် ၇၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။