မြန်မာ့စွယ်စုံကျမ်းအတွဲ (၂) (ကန်-ကြွပ်) စာအုပ် ဆက်လက်ထုတ်ဝေနိုင်‌ရန်ဆိုင်ရာ အစည်းအဝေးကျင်းပ

မြန်မာ့စွယ်စုံကျမ်းအတွဲများ ခေတ်စနစ်နှင့်လျော်ညီစွာ ပြန်လည်ပြင်ဆင်ဖြည့်စွက်တည်းဖြတ်ရန်နှင့် ထွန်းဖောင်ဒေးရှင်းမှ လွှဲပြောင်းပေးမည့် မြန်မာ့စွယ်စုံကျမ်းအတွဲ (၂) (ကန်-ကြွပ်) စာအုပ် ဆက်လက်ထုတ်ဝေနိုင်ရန်အတွက် တည်ပုဒ်များလက်ခံရယူမည့် ပညာရှင်အဖွဲ့၁၂-၉-၂၀၂၃ ရက် မွန်းလွဲ  ၁ : ၃၀ နာရီတွင် စာပေဗိမာန်ရုံး (အစည်းအဝေးခန်းမ) ၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါ အစည်းအဝေးတွင် စာပေဗိမာန် စာတည်းမှူးချုပ်နှင့် တည်ပုဒ်များလက်ခံရယူမည့် စာပေပညာရှင် အဖွဲ့မှ ပညာရှင် (၇) ဦး တက်ရောက်ကြပြီး ထွန်းဖောင်ဒေးရှင်းမှ လွှဲပြောင်းပေးမည့် မြန်မာ့စွယ်စုံကျမ်း အတွဲ (၂) (ကန်-ကြွပ်) တည်ပုဒ်များနှင့် စာမူများလက်ခံရယူမည့် အခြေအနေ၊ တည်ပုဒ်များရရှိပါက ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးကြပြီး အစည်းအဝေးကို မွန်းလွဲ ၂ : ၂၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။

01-7

02-10
 

အကြံပြုစာ/တိုင်ကြားစာ