ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၃၇)၌ မိတ်ဆွေအချင်းချင်း နားလည်မှုလွဲကာ တစ်ဦးကို တစ်ဦး မကူညီကြသော်လည်း နောက်ဆုံးတွင် ဒုက္ခနှင့် ကြုံတွေ့ရချိန်၌ တစ်ဦးကို တစ်ဦး ရိုင်းပင်း ကူညီကြသည့် မပန်းပွင့်၊ ကိုရွှေပျားနှင့် ငှက်ပိတုန်းတို့အကြောင်း တင်ဆက်ထားသည့် “သာယာပါစေ၊ ပျော်ရွင်ပါစေ” မျက်နှာဖုံးကာတွန်း၊ သူတစ်ပါးအပေါ် အလိုက်မသိတတ်ဘဲ စကားများလွန်းသည့် လိပ်တစ်ကောင်အကြောင်း ရေးဖွဲ့ထားသည့် “ပုံပြင်ထဲကလို” နှစ်မျက်နှာကာတွန်း၊ စိတ်ချမ်း သာပျော်ရွှင်စွာနေချင်ပါက ဒေါသကို လျှော့ပြီး စိတ်ကောင်းထားသင့်ကြောင်း ရှဉ့်ကလေးက မြေခွေးကြီးကို အကြံကောင်းပေးလိုက်ပုံအကြောင်း ရေးဖွဲ့ထားသည့် “ဒေါသကို လျှော့” နှစ်မျက်နှာ ကာတွန်း၊ ကလဲ့စားချေတတ်သည်ဆိုသော ကီးကီတို့အမျိုးအကြောင်း ဟာသဖြစ်ဖွယ် ရေးဖွဲ့ထား သည့် “ကီးကီနှင့် ကလဲ့စား” နှစ်မျက်နှာကာတွန်း၊ မနက်အိပ်ရာထချိန် နောက်ကျသော ခင်ခင်ပြူး အကြောင်း ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ဂန္ထဝင် ခင်ခင်ပြူး” တစ်မျက်နှာကာတွန်းနှင့် လောကကြီး၌ အရေးအကြီးဆုံးအရာကို သိရှိသွားသည့် ဖိုးကဲလေးအကြောင်း ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ဖိုးကဲလေး၏ ပြောတတ်လိုက်တာ” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထား ပါသည်။
သုတကဏ္ဍအနေဖြင့် ကမ္ဘာ့အကြီးဆုံး ပုလဲကြီး ၃ ခုအကြောင်း ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် အသက်ဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ရချိန်တွင် အသိဉာဏ်ကို အသုံးချပြီး လွတ်မြောက်ရာလမ်းကို ရှာကြံနိုင်ခဲ့သော ထိပ်နက်ယုန်လေးအကြောင်း ရေးဖွဲ့ထားပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် သူငယ်ချင်း လီလီကဲ့သို့ပင် ပုံဆွဲစာအုပ်လေးတစ်အုပ်ကို မိမိမုန့်ဖိုးဖြင့် စု၍ ဝယ်မည်ဆိုသော ကျော်ဇင်အကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ကလေး တို့ကိုယ်တိုင် ရေးဆွဲထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ရွှေသွေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက် နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် အိမ်၏အလှနှင့် ကျက်သရေကို ဖော်ဆောင်နေသည့် အိမ်ရှေ့ မျက်နှာစာကို အမြဲတမ်း သန့်ရှင်းအောင် ဆောင်ရွက်ခြင်းဖြင့် အမြင်တင့်တယ်စေရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် ဆရာစိုးစံခေတ်ဟန်၏ “အိမ်ရှေ့မျက်နှာစာ” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အင်္ဂလိပ်ဝါကျတည်ဆောက်ရာတွင် အသုံးပြုသည့် Question Tag အသုံးနှင့် ပတ်သက်၍ သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။