၂ဝ၂၂ ခုနှစ် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက် လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေးကို ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၂၁ ရက် နံနက် ၁၀ : ၀၀ မှ ၁၀ : ၃၀ နာရီအထိလည်းကောင်း၊ နံနက် ၁၀ : ၃၀ မှ နံနက် ၁၁ : ၀၀ အထိလည်းကောင်း၊ နံနက် ၁၁ : ၀၀ မှ နံနက် ၁၁ : ၃၀ အထိလည်းကောင်း ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင်၂ဝ၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ စာအုပ်များ အတည်ပြုအဆင့်ရွေးချယ်ထားမှုအခြေအနေကို စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။