ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၃၈) ၌ အဆိပ်ရည်သောက်ပြီး ရန်ဖြစ်ကြသော မျောက်ဝံကြီးနှစ်ကောင်ကို ဆုံးမပေးသည့် ဘရသေ့အကြောင်း တင်ဆက်ထားသည့် “အဆိပ်ရည်” မျက်နှာဖုံးကာတွန်း၊ ကလေးများသည် ကျောင်းစာတော်ရန်သာမက ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားသင့်ကြောင်း သူငယ်ချင်းနှစ်ယောက် ပြောဆိုခြင်းကို တင်ဆက်ထားသည့် နှစ်မျက်နှာကာတွန်း၊ သူ့အပြစ်ကြောင့် ဘကြီးဟန်အိမ်က မှန်ကွဲသွားသည်ကို အမေ့ကို ပြေးပြီးပြောရမည် ဆိုသော ဆင်ခြေပသည့် ပေါတောလေးအကြောင်း ရေးဖွဲ့ထားသည့် “ပေါတောလေး” တစ်မျက်နှာကာတွန်း၊ နာမည်ကောင်းသည်၊ ဆိုးသည်မှာ မိမိ၏ လုပ်ရပ်နှင့်သာ သက်ဆိုင်ကြောင်း တာတီးကို သူ့ဖခင်က ဆုံးမထားပုံကို တင်ဆက်ထားသည့် “တာတီး- နားလည်ပါပြီ” နှစ်မျက်နှာကာတွန်း၊ အလုပ်ရှင်အပေါ် ရိုးသားပြီး သစ္စာရှိသော ကိုအောအကြောင်း တင်ဆက်ထားသည့် “ကိုအော- ရိုးသားမှုဂုဏ်”နှစ်မျက်နှာကာတွန်း၊ ဆရာဝန်က ခေါင်းနှင့် ပတ်သက်၍ သူ့အဖေကို အလုပ်မလုပ်ရန် ပြောသည်ကို ဟာသဖြစ်ဖွယ်ပြောထားသည့် အာတူးအကြောင်း တင်ဆက်ထားသည့် “ဒါ့ကြောင့်ကိုး” မျက်နှာဝက်ကာတွန်းကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
မြန်မာ့ဆိုင်းဝိုင်းတွင် ပါဝင်သော တူရိယာတစ်မျိုးဖြစ်သည့် ဗြောအကြောင်း ဗဟုသုတရ ဖြစ်ဖွယ်ရေးသားထားသည့် “ဗြောအကြောင်း သိကောင်းစရာ” သုတကဏ္ဍ၊ ပညာရှိကြီးပေးလိုက်သည့် အကြံဉာဏ်အတိုင်း ဆောင်ရွက်သဖြင့် တောင်ကြီး ရွေ့သွားသည်ဟု ထင်မှတ်သွားသော မင်လိုအကြောင်း ရေးသားထားသည့် “တောင်ကို ရွှေ့နိုင်သည့် မင်လို” ပုံပြင်ကဏ္ဍ၊ ကြောက်စိတ်နှင့် သိမ်ငယ်စိတ်ကို ဖျောက်ပြီး ရိုးသားကြိုးစားပါက တစ်နေ့ အောင်မြင်နိုင်မည်ဟု ထွန်းတောက်အား ဆုံးမထားသည့်အကြောင်း ရေးသားထားသော “အသိတစ်ခု” ဝတ္ထုကဏ္ဍ၊ မိုးတွင်းကာလတွင် သစ်ပင်စိုက်ခြင်းဖြင့် ပတ်ဝန်းကျင်ကို စိမ်းစိုစေပြီး အရိပ်ရသည့်အကြောင်း ရေးဖွဲ့ထားသည့် “သစ်ကောင်းတစ်ပင်” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
English Daily Conversation ခေါင်းစဉ်အောက်တွင် ပန်းဝယ်သူနှင့် ပန်းရောင်းသူတို့ အကြား ¬-အပြန်အလှန်ပြောဆိုပုံကို စကားအသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူပြောဆိုထားသည့် ဆရာ KML ၏ “ရွှေသွေးစကားဝိုင်း” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။