ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၄၁) ၌ အိမ်၌ မွေးထားသော ခွေးပေါက်လေး ခြောက်ကောင်အနက် လေးကောင်ကို စနစ်တကျ မွေးမည့်သူများထံ ပေးလိုက်ပြီး ကျန်သည့် နှစ်ကောင်ကို မိမိတို့ မွေးမည်ဖြစ်ကြောင်း သမီးဖွေးဥအား နားလည်အောင် ရှင်းပြထားသည့်အကြောင်း တင်ဆက်ထားသည့် “နားလည်ပါပြီ” မျက်နှာဖုံးဇာတ်လမ်း၊ အတောင်ပံပါရုံနှင့် ကောင်းကင်ပေါ် ပျံသန်းနိုင်မည်ဟု ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသော ကြက်ဖကြီးမှာ နောက်ဆုံး နောင်တရသွားသည့်အကြောင်း တင်ဆက်ထားသည့် “ဘဝင်မြင့်သော ရွှေကြက်ဖ” နှစ်မျက်နှာကာတွန်း၊ အသီးစားချင်လျှင် အပင်စိုက်ရမည်ဖြစ်ကြောင်း အဘွားက ဟန်သီမကို ဆုံးမထားသည့်အကြောင်း တင်ဆက်ထားသည့် “ဟန်သီမ” တစ်မျက်နှာကာတွန်း၊ ခွေးဘီလူးကြီး၏ အစာခွက်ကို ကြောင်သူတော်မှ ဉာဏ်သုံးပြီး စားသည့်အကြောင်း တင်ဆက်ထားသည့် “ကြောင်သူတော်” နှစ်မျက်နှာကာတွန်း၊ ငါးသားပေါက်လေးများကို ဖမ်းပြီး ချောင်းထဲမှာ လွှတ်ပေးလိုက်ကြသည့် ပုပုတို့သူငယ်ချင်းတစ်စုအကြောင်း တင်ဆက်ထားသည့် “ပုပုပါဝင်သည့် ဇီဝိတဒါန” နှစ်မျက်နှာကာတွန်း၊ အစာလည်း ဆေး၊ ဆေးလည်း အစာဟင်းဆိုသည်မှာ သက်သတ်လွတ် ဟင်းသီးဟင်းရွက်များ ချက်စားသည်ဟု ဟာသဖြစ်ဖွယ် သူငယ်ချင်းဖြစ်သူကို ပြောပြထားသည့်အကြောင်း တင်ဆက်ထားသည့် “ဖိုးလပြည့်”မျက်နှာဝက်ကာတွန်း တို့ကို တင်ဆက်ထားပါသည်။
ကျောက်အမျိုးအစား သုံးမျိုးရှိပြီး ထိုကျောက်များ၏ အသုံးဝင်ပုံအကြောင်း ဗဟုသုတ ဖြစ်ဖွယ် ရေးသားထားသည့် “ကျောက်အကြောင်း သိကောင်းစရာ” သုတကဏ္ဍ၊ ရွှေသွေးအထူးထုတ် ၂၀၂၄ တွင် ကလေးတို့လက်ရာ ပန်းချီများထဲမှ ရွေးချယ်ဖော်ပြပေးမည့် “ရွှေသွေးတို့လက်ရာ ပန်းချီဖိတ်ခေါ်” ကြော်ငြာကဏ္ဍ၊ ကျောင်းပြေးခဲ့လျှင် ပညာမတတ်၍ အလုပ်ကြမ်းသာလုပ်ရပြီး ပင်ပန်းဆင်းရဲမည်ဟု ကျောင်းပြေးမည့် သူငယ်ချင်းထွန်းတောက်အား စေတနာဖြင့် ပြောပြထားသည့်အကြောင်း ရေးသားထားသည့် “သူငယ်ချင်းကောင်း” ဝတ္ထုကဏ္ဍ၊ သူဌေးစီးသည့် အလှစီးမြင်းမဘဝမှ လှည်းဆွဲမြင်းမဘဝ ရောက်ရှိသွားကြောင်းနှင့် ဘဝဆိုသည်မှာ တစ်သမတ်တည်း မရှိဘဲ အနိမ့်၊ အမြင့်ရှိကြောင်း ရေးသားထားသည့် “မာနကြီးသော မြင်း” ပုံပြင်ကဏ္ဍနှင့် သေရည်ကို တစ်ကျိုက်သောက်မိရုံနှင့် စိတ်စွဲလမ်းပြီး နောက်ထပ် သောက်ချင်စိတ်များ ဖြစ်ပေါ်ပြီး ဆိုးကျိုးဒုက္ခနှင့် ရောဂါကိုသာ ရရှိမည့်အကြောင်း ရေးဖွဲ့ထားသည့် “တစ်ကျိုက်မှားမိ” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
Question tags answers နှင့် Reply questions အကြောင်းကို လေ့ကျင့်ခန်းများ ပြုလုပ်နိုင်မည့် ဆရာ KML ၏ “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” ကဏ္ဍ၊ ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။