ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၄၂)၌ သူငယ်ချင်းအချင်းချင်း အင်္ဂလိပ်ဝေါဟာရများကို ပဟေဠိဝှက်တမ်း ကစားခြင်းဖြင့် ဉာဏ်ရည်ထက်မြက်ကာ ဗဟုသုတ ပိုမိုကြွယ်ဝလာနိုင်ကြောင်း တင်ဆက်ထားသည့် “ပဟေဠိ ဝှက်ကြမယ်” မျက်နှာဖုံးဇာတ်လမ်း၊ မိမိ၏ဥများပျောက်သွားမည်ကို စိုးရိမ်ကြောင့်ကြဖြစ်နေသော မြွေမကြီးသည် မိမိ၏ ဒေါသကြောင့် ကျေးဇူးရှင်အပေါ် ပြစ်မှားမိပုံနှင့် သူတစ်ပါးကို ဒုက္ခမပေးဘဲ မိမိ၏ကျေးဇူးကို သိမြင်လာစေရန် ကြိုးပမ်းဆောင်ရွက်ပေးနိုင်ခဲ့သော ဉာဏ်ပညာကြီးမားသည့် လယ်သမားတို့အကြောင်းကို တင်ဆက်ထားသည့် “ကျေးဇူးတရား” နှစ်မျက်နှာကာတွန်း၊ လမ်းသွားရာ၌ ဖြစ်စေ၊ အခြားလုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရာ၌ဖြစ်စေ အသိ၊ သတိဖြင့် လုပ်ဆောင်သင့်ပုံ အကြောင်းကို တင်ဆက်ထားသည့် “ဖြိုးရဲ- ဦးဖိုးရှုပ်ရဲ့ သတိ” နှစ်မျက်နှာကာတွန်း၊ သရဲခြောက်ခံရ သော်လည်း ဉာဏ်ပညာသုံးကာ ရရှိလာသည့် အခွင့်အရေးကို အကျိုးရှိရှိအသုံးချခဲ့သော ဆရာ ဦးအောင်ကြီးအကြောင်းကို ရေးဖွဲ့ထား သည့် “ဝက်ဖြစ်သွားသော သရဲ” နှစ်မျက်နှာကာတွန်း၊ စကားကို ကတ်တီးကတ်ဖဲ့ပြောဆိုတတ်သော ဟန်သီမအကြောင်းကို ရေးဖွဲ့ထားသည့် “ဟန်သီမ” တစ်မျက်နှာ ကာတွန်းနှင့် ဆရာမပေးလိုက်သော အိမ်စာကိုမလုပ်ဘဲ ဂိမ်းကစားနေသော ပေါတောလေးအကြောင်းကို ရေးဖွဲ့ထားသည့် “ပေါတောလေး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
ကလေးများအနေဖြင့် ဝယ်လိုအားနှင့် သက်ဆိုင်သည့် စီးပွားရေးပညာဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးပွားစေရန်အလို့ငှာ တင်ဆက်ထားသည့် “ကစ်ဒီနောမစ်” သုတဆောင်းပါးကို ဗဟုသုတရဖွယ် တင်ဆက်ထားပါသည်။ မိမိ၏မိတ်ဆွေကို ဆင်းရဲဒုက္ခမဖြစ်စေရန် လမ်းညွှန်ကူညီ ပေးခဲ့ရုံသာမက မိတ်ဆွေ ဒုက္ခရောက်သည့်အခါ၌လည်း ကူညီပေးခဲ့သော ကဏန်း၏ မိတ်ဆွေပီသသည့် စိတ်ရင်းကို သိရှိသွားသော ဖားလေးအကြောင်းကို ရေးဖွဲ့ထားသည့် “ချောင်းထဲက ဖားလေး” ပုံပြင်နှင့် သူငယ်ချင်းဖြစ်သူ ဝင်းညွန့်ကို သူငယ်ချင်းကောင်းပီသစွာဖြင့် လမ်းမှန်သို့ရောက်အောင် ပို့ဆောင်ပေးခဲ့ သော စိုးနိုင်အကြောင်းကို ရေးဖွဲ့တင်ဆက်ထားသည့် “ထာဝရသူငယ်ချင်း” ဝတ္ထုတို့ကို တင်ဆက်ထား ပါသည်။ ထို့ပြင် ပေးထားသော ရုပ်ပုံလေးတွင် လွယ်အိတ်ပျောက်၍ ငိုနေသော ဖြိုးရဲကို သူ၏လွယ်အိတ် ရှိရာသို့ ကူညီပို့ဆောင်ပေးနိုင်မည့် “ဉာဏ်စမ်း”၊ ရွှေသွေးဂျာနယ်အထူးထုတ်(၂၀၂၄) တွင် ထည့်သွင်း ဖော်ပြမည့် ကလေးလက်ရာ ပန်းချီပြိုင်ပွဲဝင်များကို ¬¬¬ဖိတ်ခေါ်သည့် “ရွှေသွေးတို့လက်ရာ ပန်းချီများ ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း” ကဏ္ဍနှင့် ဝါလကင်းလွတ်ချိန်တွင် ကျရောက်သည့် သီတင်းကျွတ်မီးထွန်းပွဲ အကြောင်းကို သုတရသစုံလင်စွာ စပ်ဆိုထားသည့် “ဆီမီးထွန်းပွဲ” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ သင်ခန်းစာအနေဖြင့် ပါတီပွဲ တစ်ပွဲသို့ သွားမည့် အမျိုးသားနှင့် အမျိုးသမီးတို့ အပြန်အလှန် ပြောဆိုကြပုံကို ဝါကျပုံစံအမျိုးမျိုးဖြင့် လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။