၂၈-၁၀-၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၄၃)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ‌အောက်တိုဘာလ ၂၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၄၃)၌ မြန်မာတို့၏ ထူးမြတ်သည့် သီတင်းကျွတ်လတွင် ကျင်းပသည့် ပွဲတော်များနှင့် ကုသိုလ်ကောင်းမှုများအကြောင်း တင်ဆက်ထားသည့် “ညီညီနှင့် သီတင်းကျွတ်ကုသိုလ်” မျက်နှာဖုံးကာတွန်း၊ ကိုကံခေဆုတောင်းလိုက်သည့် ဆန္ဒသုံးခုမှာ ချက်ချင်း လက်ငင်းပင် ဆုတောင်းပြည့်သွားကြောင်း ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ဆန္ဒသုံးခု” နှစ်မျက်နှာကာတွန်း၊ ယုံကြည်မှုအပေါ် အလွဲသုံးစားလုပ်၍ လိမ်လည်ခဲ့သည့် မိတ်ဆွေကို ပြန်လည် ပညာပေးသည့် ပညာရှိကုန်သည်အကြောင်း တင်ဆက်ထားသည့် “ယုံတမ်းစကား” နှစ်မျက်နှာ ကာတွန်း၊ ဖခင်မသိအောင် သူငယ်ချင်းများနှင့်အတူ ဒိုးဆက် ဆက်တမ်းကစားရာက ဖခင် အိမ်ပြန် လာသည်နှင့် တိုးသွားသော ကီးကီအကြောင်း ရေးဖွဲ့ထားသည့် “ကီးကီနှင့် ရောင်စုံဘောလုံး” နှစ်မျက်နှာကာတွန်း၊ ဗိုက်ပူမည်ကို မကြောက်သော လင်းသစ်အကြောင်း ရေးဖွဲ့ထားသည့် “လင်းသစ်” တစ်မျက်နှာကာတွန်းနှင့် ဘယ်ကျော်နှင့် ဘယ်ကျော့်သူငယ်ချင်းတို့၏ အတွေးများမှာ အတူတူဖြစ်နေကြောင်း ဟာသဖြစ်ဖွယ် ရေးဖွဲ့ထား¬သည့် “ဘယ်ကျော်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ သုတကဏ္ဍအနေဖြင့် ကမ္ဘာ့အံ့ဖွယ် ဂရိဘုရားကျောင်းနှစ်ခုအကြောင်း ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍတွင် သားသင်္ခနေဟန်ကို သီတင်းကျွတ်ကားလေးတစ်စီး ဝယ်ပေးဖြစ်ပုံအကြောင်း တင်ဆက်ထားပါသည်။

ပုံပြင်ကဏ္ဍအနေဖြင့် ရနံ့မွှေးကြိုင်ပြီး လှပသော အဆင်းရှိသည့် စံပယ်ပန်းပွင့်လေး ဖြစ်ပေါ်လာပုံအကြောင်း ဒဏ္ဍာရီပုံပြင်ဖြင့် ရေးသားထားသည် ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍနှင့် မြန်မာတို့၏ သီတင်းကျွတ်ပွဲတော် အချိန်အခါသမယအကြောင်း ‌ရေးဖွဲ့ထားသည့် ဆရာမြတ်လွမ်းနောင် (ပုတီးကုန်း)၏ “ဝါကျွတ်ပွဲ” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အင်္ဂလိပ်စကား ပြောဆိုရာတွင် အဓိပ္ပာယ်ရှင်းလင်းနေပါက ရှည်လျားသောစကားကို နှစ်ခါထပ်၍ ပြောဆိုမည့် အစား အကူကြိယာ (Auxiliary Verb) များကို သုံး၍ ဝါကျတို့ဖြင့် ပြန်လည်ပြောဆိုနိုင်ပုံကို ဥပမာ ဝါကျများ၊ လေ့ကျင့်ခန်းများဖြင့် တင်ဆက်ထားသည့် သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာနိုင်မည်ဖြစ်ပါသည်။ ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

အကြံပြုစာ/တိုင်ကြားစာ