၄ - ၁၁ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၄၄) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၄၄) ၌ ဂမ္ဘီရတောကြီးထဲရှိ တိရစ္ဆာန်များကို ဒုက္ခပေးသော ဖွတ်နဂါးကြီးကို ဘော်ဘော်နှင့်အဖွဲ့က ဝိုင်းဝန်းတိုက်ထုတ်လိုက်သည့်အကြောင်း တင်ဆက်ထားသည့် “ကိုမိုဒိုနဂါး” မျက်နှာဖုံးဇာတ်လမ်း၊ မြောင်းထဲကျသွားသည့် ခွေးလေးကို ကယ်ပေးလိုက်သည့် နီမနှင့် ပုပုတို့သည် ထိုစေတနာ၏ အကျိုးကို ခံစားရကြောင်း တင်ဆက်ထားသည့် "နှစ်ယောက်အတူတူ" နှစ်မျက်နှာကာတွန်း၊ စာမေးပွဲဖြေဆိုရမည့် မောင်ဖိုးထူးကို  မိသားစုဝင်များက စိုးရိမ်စိတ်ဖြင့် တစ်ယောက်တစ်မျိုး မှာကြားသည့်အတွက် စိတ်ရှုပ်သွားသည့်အကြောင်း တင်ဆက်ထားသည့် "ဖိုးထူးနဲ့ မိချော-မေ့ကုန်ပြီ" တစ်မျက်နှာကာတွန်း၊ စာသင်ချိန်တွင် ကစားနေ၍ သင်္ချာပုစ္ဆာများ မတွက်တတ်ဘဲ အခက်ကြုံနေသော ဖြိုးရဲကို သူ၏ဖခင်က ရှင်းပြပေးပြီး စာတော်အောင်ကြိုးစားသင့်ကြောင်း တင်ဆက်ထားသည့် "ဖြိုးရဲ-သင်္ချာပုစ္ဆာ" နှစ်မျက်နှာကာတွန်း၊ မြန်မာလူမျိုးဖြစ်သည့်အတွက် မြန်မာစာကို ကျွမ်းကျင်အောင် တတ်မြောက်သင့်ပုံ၊ မြန်မာစာပေဖြင့် လူမျိုးဂုဏ်ကို မြှင့်တင်သင့်ပုံနှင့် စာကို ကြိုးစားသင့်ပုံအကြောင်း တင်ဆက်ထားသည့် "အမြတ်နိုးဆုံးသော အရာ" နှစ်မျက်နှာကာတွန်းနှင့် ငှက်သံတွေကိုကြားချင်ပါက ငှက်လှောင်အိမ်ဝယ်စရာမလိုဘဲ သစ်ပင်၊ ပျိုးပင်များ စိုက်ပျိုးသင့်ကြောင်း တင်ဆက်ထားသည့် "ဖိုးလပြည့်" မျက်နှာဝက်ကာတွန်းကဏ္ဍတို့ကို တင်ဆက်ထားပါသည်။


ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းရသည့် အကြောင်းရင်းများ၊ ကထိန်သင်္ကန်းကပ်လှူခံရသည့်ရဟန်းနှင့် အလှူရှင်တို့ရရှိမည့် အကျိုးတရားများအကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် "ကထိန်အလှူပွဲနှင့် အကျိုးတရားများ" သုတကဏ္ဍ၊ သူတစ်ပါး ဒုက္ခရောက်ချိန်တွင် မကူညီခဲ့သည့် လိပ်ဖြူလေးသည် နောက်ဆုံးတွင် မိမိအပြစ်ကို သိရှိပြီး နောင်တရသွားပုံအကြောင်း ရေးသားထားသည့် "လိပ်ဖြူလေးနဲ့ သစ်သီး" ပုံပြင်ကဏ္ဍ၊ မိမိအိမ်တွင် စိတ်ညစ်၍ မနေချင်တော့ဘဲ ကြီးဒေါ်အိမ်သို့ သွားနေရာမှ သူ့အမှားကို သိရှိကာ မိဘအိမ်သို့ ပြန်လာခဲ့သော ဇော်မောင်အကြောင်း ရေးသားထားသည့် "အိမ်ပြေး" ဝတ္ထုကဏ္ဍ၊ ရွှေသွေးအထူးထုတ် ၂၀၂၄ တွင် ကလေးတို့လက်ရာ ပန်းချီများ ဝင်ရောက်ယှဉ်ပြိုင် နိုင်ကြောင်း ဖိတ်ခေါ်ထားသည့် “ရွှေသွေးတို့လက်ရာ ပန်းချီဖိတ်ခေါ်” ကြော်ငြာကဏ္ဍနှင့်  ကျောင်းတက်
ရာတွင် ပညာကို ကြိုးစားသင်ယူသင့်ပုံ၊ စာမတတ်သူ ပပျောက်စေရေးအတွက် ဝိုင်းဝန်းကူညီဖေးမသင့်ပုံ၊ သက်ကြီးရွယ်အိုများကိုလည်း စေတနာနှင့် သင်ကြားပေးသင့်ပုံ၊ လူတိုင်းစာတတ်မှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်နိုင်ပုံကို ရေးဖွဲ့ထားသည့် ''စာတတ်မြောက်ရေး ဝိုင်းကူပေး" ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။


English Daily Conversation  ခေါင်းစဉ်အောက်တွင် ပင်လယ်ကမ်းခြေသို့ သွားမည့် အကြောင်း အဓိပ္ပာယ်တူ စကားအသုံးအနှုန်းပြောင်းပြီး အပြန်အလှန် ပြောဆိုပုံကို တင်ပြထားသည့် “ရွှေသွေးစကားဝိုင်း” ကဏ္ဍ၊ ကဏ္ဍ၊    ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ