­၁၁ - ၁၁ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၄၅) ထွက်ရှိ

                    ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ်(၄၅)၌ ပညာရှိ ရွှေဟင်္သာစကားကို နားမထောင်မိ၍ ဘုံဗိမာန်ပျောက်သွားသော ပေါက်ပင် စောင့်နတ်အကြောင်းကို ရေးဖွဲ့ထားသည့် မိတ်ဆွေစကား မပယ်ရှားနှင့်” မျက်နှာဖုံးဇာတ်လမ်း၊ အိမ်မြှောင်ကို ခေါ်ဆိုပုံနှင့် ပတ်သက်၍ ငြင်းခုံနေကြသော ဗိုက်ပူနှင့် ဝတုတ်တို့ကို ဆုံးဖြတ်ပေးလိုက်သော ဖြတ်ထိုးဉာဏ်ကောင်းသည့် ချက်စူအကြောင်းကို ရေးဖွဲ့ထားသည့် “ချက်စူရဲ့ အယူအဆ” နှစ်မျက်နှာ ကာတွန်း၊ အသိပညာဗဟုသုတနည်းပါး၍ ဆားကိုရေထဲသို့ စိမ်၍ သိမ်းထားသော မောင်ရိုးအကြောင်းကို ရေးဖွဲ့ထားသည့် “ဗဟုသုတ” နှစ်မျက်နှာကာတွန်း၊ ဒုက္ခရောက်နေသော သူများကို ကူညီဆောင်ရွက် ပေးခဲ့သောကြောင့် ကောင်းကျိုးများကို ခံစားရပုံနှင့် ကျေးဇူးရှင်ကို ပြစ်မှားမိပါက ဒုက္ခနှင့် ကြုံတွေ့ ရနိုင်ပုံကို တင်ပြထားသည့် “ကျေးဇူးကန်းတဲ့သူ” နှစ်မျက်နှာကာတွန်း၊ အားလပ်ချိန်တွင် မိမိအတွက် အကျိုးရှိမည့် အလုပ်များသာမက အခြားသူများအတွက် ကောင်းကျိုးရှိမည့်အလုပ်များကို ဆောင်ရွက်သင့် ကြောင်း ရေးဖွဲ့ထားသည့် ဖိုးတစ်တို တစ်မျက်နှာကာတွန်းနှင့် မိမိအတွက် မုန့်ဖိုးရရန် ဦးလေးဖြစ်သူကို အကြံဉာဏ်ပေးတတ်သော ကျောက်ပုအကြောင်းကို ရေးဖွဲ့ထားသည့် ကျောက်ပု မျက်နှာဝက်ကာတွန်း တို့ကို တင်ဆက်ထားပါသည်။

 

                     ကလေးများကို  မြန်မာ့ရိုးရာခုနစ်ထွေအကနှင့် ပတ်သက်၍ ဗဟုသုတရရှိစေရန် ခုနစ်ထွေအက အကြောင်း သိကောင်းစရာသုတဆောင်းပါးကို  တင်ဆက်ထားပါသည်။ ကလေးများအနေဖြင့် မိမိတို့ ရရှိသည့်မုန့်ဖိုးများကို စုဆောင်းတတ်စေရန်နှင့် ငွေကိုသုံးစွဲရာ၌ အသုံးနှင့်အဖြုန်း ခွဲခြားတတ်စေရန် ပညာပေး ရေးဖွဲ့ထားသည့် “အတိုင်အဖောက်” ဝတ္ထုနှင့် သူတစ်ပါး၏ စည်းလုံးညီညွတ်မှုကို ဖျက်ဆီးပါက မိမိတွင်လည်း ဒုက္ခနှင့် ကြုံတွေ့ရနိုင်ပုံ ကို ရေးဖွဲ့ထားသည့်  အဘိုးပြောသော ပုံပြင် ပုံပြင်ကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ပန်းချီလက်ရာများကို ဖော်ပြထားသည့် “ရွှေသွေးတို့ လက်ရာ”နှင့် ရွှေသွေးဂျာနယ် အထူးထုတ် (၂၀၂၄) တွင် ထည့်သွင်းဖော်ပြမည့် ကလေးလက်ရာ ပန်းချီပြိုင်ပွဲဝင်များကို ဖိတ်ခေါ်သည့် “ရွှေသွေးတို့လက်ရာ ပန်းချီများ ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း”၊ ပညာ ကို လုံ့လဝီရိယထားကာ ကြိုးစားသင်ယူပါက မိမိအတွက်အကျိုးများနိုင်ပုံကို  ရေးဖွဲ့ထားသည့် “တိုးတက် ခြင်း” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာသင်ခန်းစာအနေဖြင့် လူပုဂ္ဂိုလ်နှစ်ဦး သို့မဟုတ် အရာဝတ္ထုနှစ်ခုဖြစ်သည့် A နှင့် Bတို့တွင် A သည် B ကဲ့သို့ အလားတူဖြစ်သည် သို့မဟုတ် A သည် B လုပ်သကဲ့သို့ လိုက်လုပ်သည်ဆိုသည်ကို ပြောဆိုရာတွင် Auxiliary Verb ကိုအသုံးပြု၍ အတိုချုံ့ ပြောဆိုပုံကို ဥပမာဝါကျများဖြင့်  လေ့လာနိုင်မည် ဖြစ်ပါသည်။

 ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

အကြံပြုစာ/တိုင်ကြားစာ