စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၊ အတွဲ(၅ဝ)၊ အမှတ်(၁၁) ကို  ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင်ပါဝင်သော စာမူ များကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။ 

    လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “ဆန်းသစ်လာတော့မည့် လျှပ်စစ်ကား (EV) များ” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် ဆန်းသစ်လာတော့မည့် လျှပ်စစ်ကားများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် EV နှင့် ဆိုလာ EV များကို တွင်ကျယ်စွာ အသုံးပြုရေး၊ ခေတ်သစ်လျှပ်စစ်ယာဉ် နည်းပညာရှာဖွေခြင်း အပိုင်း(၁)၊ လူငယ်ရေးရာကဏ္ဍတွင် ဝင်စတန်ချာချီထံမှ သင်ခန်းစာ၊ အမှား သင်ခန်းစာ၊ စာစီစာကုံးများ ‌ရေးလျှင်၊ စွမ်းရည်အမျိုးမျိုး၊ ခွေးဖြစ်ချင်သူ တစ်ယောက်အကြောင်း၊ ဗြိတိန်နိုင်ငံမှ သတင်းစာများ၊ အဂတိဖယ်ခွာ ပြည်သာယာ၊ စမ်းသပ်တီထွင် ပုံရိပ်ရှင်၊ ယဉ်ကျေးမှု စာမျက်နှာ၊ လူငယ်စွမ်းအား၊ ဗလငါးတန်၊ ကဗျာကဏ္ဍတွင် မိုးဆွေငှက်ငယ်သို့၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် သိစိတ်၊ မသိစိတ်၊ ဉပါဒါန်နဲ့ အိပ်မက်ရဲ့အဓိပ္ပာယ်၊ သုံးတတ်မှ ချမ်းသာမည်၊ နိုင်ငံတကာဆိုင်ရာ ကဏ္ဍတွင် ဂျပန်နိုင်ငံ၏ ဟိုက်ဒရိုဂျင်စွမ်းအင်လုပ်ငန်း၊ မိုးပျံကျူးကျော်တဲများ၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် သဘာဝမဟုတ်သော အဖြူရောင် တိရစ္ဆာန်များ၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် MSME များ ဖွံ့ဖြိုးရေး ပတ်ဝန်းကျင်ကောင်း ဖန်တီးပေး၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင် ကလေးငယ် များအတွက် ဆေးလိပ်အန္တရာယ် သတိပေးချက်၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၆၃)၊ မိသားစုဘဝလှပဖို့ လမ်းလှေျာက်ကြပါစို့၊ အိမ်မွေးတိရစ္ဆာန်နှင့် ကျန်းမာရေး၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် အရေးကြုံသော်....၊ ဝတ္ထုတိုကဏ္ဍတွင် အခန်းထဲမှာ၊ အထွေထွေကဏ္ဍတွင် လယ်သမားများဘဝ တိုးတက်ရေး နိုင်ငံတော်က ဆောင်ရွက်ပေးနေရာဝယ်၊ လမ်း‌ပေါ်မှ အန္တရာယ်များကို သတိပြု ကာကွယ်ပါ (အပိုင်း-၁)၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။

     သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ