­၂၃ - ၁၂ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၅၁) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ်(၅၁)၌ ဘဝပေးအခြေအနေမတူ၍ စားဝတ်နေရေးအတွက် ရုန်းကန်နေရသည့် ကျောင်းသားကို အခြားကျောင်းသားများက အချင်းချင်းနားလည်ပေးကာ ချစ်ချစ်ခင်ခင် ပေါင်းသင်း ဆက်ဆံသင့်ကြောင်း တင်ဆက်ထားသည့် ရွှေပိုး-တန်ဖိုးထားပါ”  မျက်နှာဖုံးဇာတ်လမ်း၊ သူတစ်ပါး အပေါ် စိတ်ကောင်းစေတနာမထားသောကြောင့် ငါးမရဘဲ ရေထဲကျသွားသည့် ရွှေချည်ဇာ၏ သူငယ်ချင်း ဖြစ်သူအကြောင်းကို သရုပ်ဖော်တင်ဆက်ထားသည့် “ရွှေချည်ဇာနှင့် ငါး” နှစ်မျက်နှာကာတွန်း၊  မိမိ၏ ခန္ဓာကိုယ် ထွားကျိုင်းမှုကိုအသုံးချကာ တိရစ္ဆာန်ငယ်လေးများအပေါ် အနိုင်ယူတတ်သောကြောင့် ကျော့ကွင်းအတွင်း မိရသော ကြက်ဖရွှေနီအကြောင်းကို တင်ဆက်ထားသည့် “မာနကြီးသော ကြက်ဖ ရွှေနီ” နှစ်မျက်နှာကာတွန်း၊ ဖြတ်ထိုးဉာဏ်ကောင်းလွန်းသော တုံတုံအကြောင်းကို ရေးဖွဲ့ထားသည့် “ဉာဏ်ကောင်းတဲ့ တုံတုံ” နှစ်မျက်နှာကာတွန်း၊  မိုးရာသီနှင့်ပတ်သက်သော ကဗျာများကို ကာတွန်း သရုပ်ဖော်ပုံနှင့် တင်ဆက်ထားသည့် မိုးကဗျာ တစ်မျက်နှာကာတွန်းနှင့် စကားကိုကတ်တီးကတ်ဖဲ့ ပြောဆိုတတ်သော ကျောက်ပုအကြောင်းကို ရေးဖွဲ့တင်ဆက်ထားသည့် ကျောက်ပု မျက်နှာဝက် ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ခုနစ်ထွေအကတွင်ပါဝင်သော ဘီလူးအကအကြောင်းကို ဗဟုသုတရဖွယ်တင်ဆက်ထား သည့် ခုနစ်ထွေအက (ဘီလူးအက)သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ ဆရာမက ကလေး များကို အလုပ်တစ်ခုလုပ်ဆောင်ရာ၌ မိမိပတ်ဝန်းကျင်ရှိ အကြောင်းအရာများကိုပါ သတိထား လုပ်ဆောင် တတ်စေရန် လေ့ကျင့်ပေးခဲ့ပုံကို ရေးဖွဲ့ထားသည့် “စူးစမ်းလေ့လာ အဖြေရှာ”ဝတ္ထုနှင့် အချင်းချင်း ညီညွတ်ကာ ခိုင်မာသောဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်ခဲ့သောကြောင့် သောက်သုံးရေပြတ်လပ်ပြီး အသက် ဘေးနှင့် ကြုံတွေ့ရတော့မည့် ဘေးဒုက္ခမှ ကျော်လွှားနိုင်ခဲ့သော ကုန်သည်ကြီးနှင့် လှည်းသမားများ အကြောင်းကို ရေးဖွဲ့ထားသည့် ခိုင်မာသော ဆုံးဖြတ်ချက် ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ ပေးပို့သော ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ရွှေသွေးဂျာနယ် အထူးထုတ် (၂၀၂၄) တွင် ထည့်သွင်းဖော်ပြမည့် ကလေးလက်ရာ ပန်းချီပြိုင်ပွဲဝင်များကို ဖိတ်ခေါ်သည့် “ရွှေသွေးတို့လက်ရာ ပန်းချီများ ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း” ကဏ္ဍနှင့် ကလေးများအနေဖြင့် အတုယူကြိုးစားနိုင်စေရန် နည်းလမ်းကောင်းများကို ပြသပေးနိုင်မည့် အကြောင်းအရာများကို တင်ဆက် ထားသည့် “အားကျ အတုယူ” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အခြေခံအင်္ဂလိပ်သဒ္ဒါနှင့် ပတ်သက်သည့် အကြောင်းအရာများကို နိဂုံးချုပ်အနေဖြင့် ခြုံငုံတင်ဆက်ထား သည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” ကို တင်ဆက်ထားပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

အကြံပြုစာ/တိုင်ကြားစာ