၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၃ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူ၊ ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၂၃ ခုနှစ်အတွင်း ပထမ အကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၉) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်တွင် စာအုပ် (၁၀) မျိုး ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပါသည်။ ယင်းစာအုပ်များစာရင်းကို အောက်ပါအတိုင်း စုစည်း ဖော်ပြအပ်ပါသည် -
(၁) ရေချမ်းအိုးလေး တစ်လုံး- မြတ်ထေရ်ကျော်၊ (၂) ဂြိုလ်နက္ခတ်များနှင့် ကိန်းဂဏန်းများကပြောသော မြန်မာ့နိုင်ငံရေးသမိုင်းမှတ်တိုင်များ- ဆရာတိုး (စမ်းချောင်း)၊ (၃) ပေါက်ကျော်မ- မေဧပရယ်မိုး၊ (၄) နောက်ဆုတ်လို့မရတဲ့တိုက်ပွဲ-မေဧပရယ်မိုး၊ (၅) မြန်မာတိုက်ကြက်အကြောင်းသိကောင်းစရာ-မေဧပရယ်မိုး၊ (၆) စာရေးသားလိုသော်-မေဧပရယ်မိုး၊ (၇) ကိုဗစ် (၁၉) နဲ့ မြန်မာ-တရုတ် နယ်စပ်အခြေအနေ- ဟိန်းနိုင် (မန္တလေး)၊ (၈) လင်းဘတ်မြို့မှ လီဇာ- မောင်နှင်းဝေ (မြန်မာပြန်)၊ (၉) ခေါက်ထီးကလေးတစ်လက်နှင့် မဂ္ဂဇင်းဝတ္တုတိုစုစည်းမှု- တက္ကသိုလ်စိုးစံ၊ (၁၀) ဆေးစက်ကျရာ ဒဿနစာစုများ- ဇော်ဦးငြိမ်း