၆ - ၁ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၁) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၁) ၌ တစ်ကိုယ်ကောင်းဆန်သော ကျီးများနှင့် ကူညီတတ်သော  ပညာရှိမျောက်မင်းသည် မိကျောင်း၏ အန္တရာယ်ကို ကျော်လွှားပြီး လွတ်မြောက်သွားသည့်အကြောင်း တင်ဆက်ထားသည့် “အညာမိသော မိကျောင်း” မျက်နှာဖုံးကာတွန်း၊ နွေရာသီကျောင်းပိတ်ရက်တွင် မိမိတို့စိတ်ကူးထားသည့် နေရာများသို့ ဘုရားဖူးသွားချင်သည်ကို သူငယ်ချင်းအချင်းချင်း ပြောဆိုထားသည့်အကြောင်း တင်ဆက်ထားသည့် “ဖိုးလပြည့်” နှစ်မျက်နှာကာတွန်း၊ စာမေးမည်ကို ကြောက်၍ ကျောင်းမတက်သော ရန်ပိုင်စိုးနှင့် ထိုနေ့တွင် ဆရာမ၏ မွေးနေ့နှင့် တိုက်ဆိုင်သွားသည့်အတွက် စာမမေးဘဲ မုန့်ကျွေးသည့်အကြောင်းကို တင်ဆက်ထားသော “ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်း၊ ဖြိုးရဲ၏ နောက်သို့ ခွေးကြီးလိုက်လာသောအခါ ပြေးနိုင်မှ လွတ်မည့်အကြောင်း တင်ဆက်ထားသည့် “လိုက်တမ်း၊ ပြေးတမ်း ကစားမယ်” နှစ်မျက်နှာကာတွန်း၊ ကောင်းမှုကုသိုလ်လုပ်လျှင် စိတ်ကို ငြိမ်အောင်ထားရမည့်အကြောင်း မိဆုအား သူ့အဘိုးက ဆုံးမထားသည့်အကြောင်း တင်ဆက်ထားသည့် “အညာပုံပြင်” နှစ်မျက်နှာကဏ္ဍ၊ ကြယ်စင်နှင့် သူ၏ သူငယ်ချင်းတို့သည် သူတို့၏ အဘိုးများ ရေငုပ်လျှင် ကြာတတ်သည့်အကြောင်း အပြန်အလှန် ပြောဆိုထားသည်ကို တင်ဆက်ထားသည့် “ကြယ်စင်” မျက်နှာဝက်ကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ခုနစ်ထွေအကတွင် ပါဝင်သော ဇော်အကသည် ရုပ်သေးဇာတ်ပွဲများမှ စတင်ခဲ့ပြီး ကြည့်ရှုသူတို့၏ စိတ်ကို လန်းဆန်းမြူးကြွသည့်အကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသော “ခုနစ်ထွေအက (ဇော်အက)” သုတဆောင်းပါးကဏ္ဍ၊ တစ်ကိုယ်ကောင်းဆန်ခဲ့မိသော တောကြက်ဖကြီးသည် နောက်ဆုံးတွင် ဆိုးကျိုးနှင့်သာ ကြုံဆုံခဲ့ရပုံကို ရေးသားထားသည့် “လောဘကြီးသော တောကြက်ဖ” ပုံပြင်ကဏ္ဍ၊ ထွန်းတောက်၏ အဖေသည် သားဖြစ်သူကို ပညာတတ်ကြီး ဖြစ်စေချင်သောကြောင့် ပြောဆိုဆုံးမသည်ကို ထွန်းတောက်ကိုယ်တိုင် နားလည်သွားသည့်အကြောင်း ရေးသားထားသည့်  “ဖေဖေ့စေတနာ မေတ္တာ” ၀တ္ထုကဏ္ဍနှင့် ခရစ်နှစ်ကုန်ပြီး ခုနှစ်အသစ်ကို ကြိုဆိုထားသည့်အကြောင်း ရေးဖွဲ့ထားသည့် “နှစ်ထောင့် နှစ်ဆယ့်လေး” ကဗျာကဏ္ဍတို့ကို တင်ဆက် ထားပါသည်။

အင်္ဂလိပ်စာ လေ့လာနေသူများအတွက် အသုံးဝင်ပြီး အသုံးများသည့် နေ့စဉ်သုံး စကားအသုံး အနှုန်းများအကြောင်း ဥပမာများနှင့်တကွ ရှင်းလင်းရေးသားထားသည့် “Useful Everyday Idioms” အင်္ဂလိပ်စာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။


ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ