၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၊ အတွဲ(၅၁)၊ အမှတ်(၁) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင်ပါဝင်သော စာမူ များကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “စာမတတ်သူ ပပျောက်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် စာမတတ်သူ ပပျောက်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး၊ ခေတ်သစ် စာတတ် မြောက်ရေး၊ လူငယ်ရေးရာကဏ္ဍတွင် မေတ္တာ၊ သည်းခံမှုနှင့် ခံနိုင်ရည်တို့ဖြင့် ဘဝကို တည်ဆောက်ခြင်း၊ လွှတ်ထားလိုက်၊ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အတ္တက သိမှုနယ်ပယ်ရဲ့ ဗဟိုချက်ပါ၊ အရိပ် ဝေဆာ စိတ်ဖြေရာ၊ ဇာတိမာန်၊ ပညာရှေ့ဆောင် အလင်းရောင် ထွန်းပြောင်နိုင်ငံတည်၊ ဖတ်သမျှ ဒဿန၊ လူငယ်နှင့် အနာဂတ်၊ များများရဖို့ များများပေး၊ ကဗျာကဏ္ဍတွင် မိုးဆွေငှက်ငယ်သို့၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ခေတ်သစ်ဇီဝလောင်စာများ (အပိုင်း-၁)၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာကဏ္ဍတွင် ကနေဒီ အာကာသဗဟိုဌာန၊ သဘာဝပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာ ကဏ္ဍတွင် ကျီးကန်း၏ ဉာဏ်ရည်မြင့် အမူအကျင့်များ၊ ဆော်ဒီအာရေဗျနိုင်ငံ၏ သဲကန္တာရအတွင်းမှ စိုက်ခင်းများ၊ မူးယစ်ဆေးဝါးဆိုင်ရာ ကဏ္ဍတွင် ဗလငါးတန်ပြည့်ဝဖို့ မူးယစ်ဆေးဝါးရှောင်ရှားစို့၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၏ စစ်မှန်သော စီးပွားရေးကို အကျိုးပြုရန် ဒစ်ဂျစ်တယ်အခန်းကဏ္ဍ၊ ရောင်းလိုအား ကွင်းဆက်အခြေအနေနှင့် အရှိန်မသေသေးသည့် အင်ဖလေးရှင်း၊ MSME များ ဖွံ့ဖြိုးရေးမူဘောင်နှင့် ပံ့ပိုးဆောင်ရွက်ချက်များ၊ စီးပွားရေးတက်လမ်း မြန်မာ့ခရီးသွားလုပ်ငန်း၊ ရုပ်မြင်ဇာတ်လမ်းတွဲဖြင့် ဈေးကွက်ဖော်ခြင်း၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၆၅)၊ ကျန်းမာရေး ကောင်းမွန်စေရန်အတွက် တွဲဖက်စားသုံးသင့်သည့် အစားအစာများ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ခေတ်မီတိုးတက်ခြင်းနှင့် ရှေးဟောင်းအမွေအနှစ်များ၊ အထွေထွေကဏ္ဍတွင် တောင်သူလယ်သမား အကျိုးစီးပွားဖွံ့ဖြိုးရေး၊ စုစုဝေးဝေး အပျော်လေးတွေ၊ စိတ်ဖိစီးမှုဒဏ်၊ အိပ်ရာမှ နိုးထစေရန်၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။