ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၃)၌ ခါးကုန်းကြီး မြမောင်သည် ရေထဲမျောပါသွားသော ဘွားညိုကို အစွမ်းကုန်ကယ်တင်လိုက်နိုင်ရာက တစ်ရွာလုံးက လူစွန့်စားကြီးအဖြစ် ချီးကျူး ထောမနာပြုခြင်းကို ခံရပုံအကြောင်း တင်ဆက်ထားသည့် “လူစွန့်စားကြီး” မျက်နှာဖုံးကာတွန်း၊ ကိုယ့်ရှူးကိုယ်ပတ်ခံရသော တရားသူကြီးနှင့် လှမောင်တို့အကြောင်း ရေးဖွဲ့ထားသည့် “အမေ ပြောသော ပုံပြင်များ” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးအပေါ် မကောင်းကြံရာက အသက်ပါဆုံးရှုံးရ သည်အထိ ဖြစ်သွားသော ဆေးဆရာတစ်ယောက်အကြောင်း ရေးဖွဲ့ထားသည့် “ကိုယ်ပြုတဲ့ ကံ” နှစ်မျက်နှာကာတွန်း၊ မိုးအေးအေးဖြင့် စောင်ခြုံထဲကွေးကာ ကာတွန်းစာအုပ် ဖတ်ရာက အိပ်ပျော် သွားသော ပုပုအကြောင်း တင်ဆက်ထားသည့် “ပုပု ပါဝင်သည့် ဖိုက်တာ” နှစ်မျက်နှာဟာသ ကာတွန်း၊ မိမိအိမ်တွင်လည်း ခွေးမွေးထားကြောင်း သူငယ်ချင်းဖြစ်သူအား အားကျမခံ ပြန်ပြော လိုက်သော တိုးရွှေအကြောင်း ရေးဖွဲ့ထားသည့် “တိုးရွှေရဲ့ ခွေး” တစ်မျက်နှာကာတွန်းနှင့် ဘယ်ကျော်သည် ရုပ်မြင်သံကြားကြည့်နေစဉ် သူ၏ အမေက ရီမုတ်ကို အတင်းလုယူသွားသော ကြောင့် စိတ်မကောင်းဖြစ်ရကြောင်း သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသ ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် အီဂျစ်နိုင်ငံနှင့် အီရတ်နိုင်ငံတို့ရှိ ကမ္ဘာ့အံ့ဖွယ်များအကြောင်း ဗဟုသုတ ဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် သတ္တဝါတိုင်းအပေါ် ကရုဏာထားတတ်ရမည် ဖြစ်ကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍတွင် ဖိုးဝနှင့် လှလှတို့က အိမ်ကို ခေါ်လာသော ခွေးလေးညိုမည်းမှာ လိမ္မာရဲရင့်သော ခွေးလေးဖြစ်ကြောင်း တင်ဆက်ထားပါသည်။ ထို့ပြင် ရွှေသွေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည့် ဉာဏ်စမ်းကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထား သည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍနှင့် အချင်းချင်း ပြောဆို ဆက်ဆံရာတွင် စိတ်ကောင်းထားကာ ရိုးသားဖြူစင်စွာဖြင့် နှစ်လိုဖွယ် ပြုမူပြောဆို နေထိုင်တတ်ရ မည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် ဆရာ မောင်ခေတ်ထွန်း၏ “မှန်ရိပ်ပမာ” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အသုံးဝင်၊ အသုံးများသော နေ့စဉ်သုံး အထူး စကားအသုံးအနှုန်းများဆိုင်ရာ သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါ သည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။