၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်ထုတ် အတွဲ (၇၇)၊ အမှတ် (၃) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များ မှတစ်ဆင့် စတင်ဖြန့်ချိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်ထုတ် အတွဲ (၇၇)၊ အမှတ် (၃) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များ မှတစ်ဆင့် စတင်ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော် ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄)တို့ ပါရှိပါသည်။

အပိုင်း (၁) တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာတို့ ပါဝင်ပါသည်။ 

အပိုင်း (၂) - နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အမိန့်ကြော်ငြာ စာတို့ ပါဝင်ပါသည်။ 

အပိုင်း (၄) တွင် NOTICE OF FINAL MEETING MYANMAR CRUISES LIMITED In the matter of the Myanmar Companies Law and [Notice under Section 211 (A) under the Insolvency Law] (In Voluntary Liquidation)၊ MYINT MYINT MOE COMPANY LIMITED မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ၁၅၂ (က)၊ နည်းဥပဒေပုဒ်မ(၁၅) အရ ကုမ္ပဏီအား ဆန္ဒအလျောက် တရားဝင်ဖျက်သိမ်းခြင်း၊ SANN PA PA GEMS COMPANY LIMITED မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ၁၅၂ (က)၊ နည်းဥပဒေပုဒ်မ(၁၅) အရ ကုမ္ပဏီအားဆန္ဒအလျောက် တရားဝင်ဖျက်သိမ်းခြင်းတို့ ပါဝင်ပါသည်။

ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းဈေးမှာ တစ်စောင်လျှင် ၇၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် ဖုန်း-၀၁၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈၊ အမှတ်- ၅၅ (တ)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း-၀၆၇-၃၄၁၄၆၈၁ တို့တွင် ဖြန့်ချိရောင်းချလျက်ရှိပါသည်။ တစ်နှစ်စာကြိုတင်ငွေပေးသွင်း၍ ဝယ်ယူ လိုပါက ရန်ကုန်မြို့ အမှတ်-၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ရန်ကုန်ရုံးခွဲ ဖုန်း-၀၁-၂၅၁၈၉၂၊ ၀၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ