၂၇ - ၁ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၄) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၄) ၌ ဦးဦးဖိုးရှုပ်ပြောပြသော စကားပြောသည့် အရုပ်သုံးမျိုးအကြောင်း သိရှိသွားသည့် ဖြိုးရဲနှင့် သူငယ်ချင်းများသည် မိမိတို့မည်ကဲ့သို့ ပြုမူနေထိုင်ရမည်ကို နားလည်သွားသည့်အကြောင်း တင်ဆက်ထားသည့် “စကားပြောတဲ့ အရုပ်များ”  မျက်နှာဖုံးကာတွန်း၊ ငါးတစ်ကောင်ဖြင့် အဝေမတည့်ဖြစ်နေသော ဖျံညီနောင်နှစ်ဦးနှင့် အချောင်လိုချင်သော မြေခွေးတို့အကြောင်း တင်ဆက်ထားသည့် “လောဘကြီးတဲ့ ဖျံညီနောင်” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းသာဉာဏ်ကို စနောက်ချင်၍ ဟာသဖြစ်ဖွယ်အကြံကို ပေးလိုက်သည့် လင်းသစ်အကြောင်း တင်ဆက်ထားသည့် “လင်းသစ်” တစ်မျက်နှာကာတွန်း၊ အာတူးက လိပ်ပုအား ဉာဏ်စမ်းမေးခွန်း မေးထားသည့်အကြောင်း တင်ဆက်ထားသည့် “အာတူးနဲ့ လိပ်ပု” နှစ်မျက်နှာကာတွန်း၊ အုန်းစိမ်းရည်သည် ကျန်းမာရေးအတွက် သင့်တော်ပြီး ဆေးဖက်ဝင်သည့်အကြောင်း တင်ဆက်ထားသည့် “ရိုးရိုးလေး-အုန်းစိမ်းရည်” နှစ်မျက်နှာကဏ္ဍ၊ သူငယ်ချင်း မည်သည့်ဟင်းနှင့် ထမင်းစားခဲ့သလဲဟု မေးသည်ကို ဘုန်းကြီးကျောင်းမှာ ဟင်းအစုံဖြင့် စားခဲ့ရသဖြင့် ဟင်းအမည်များ မပြောပြတတ်တော့ကြောင်း ပြန်လည်ဖြေကြားထားသည့်အကြောင်း “ဝေခန့်နိုင်” မျက်နှာဝက်ကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ခုနစ်ထွေအကတွင် ပါဝင်သော စည်တော်အကအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးသားထားသော “ခုနစ်ထွေအက (စည်တော်အက)” သုတဆောင်းပါးကဏ္ဍ၊ ဆရာသည် တပည့်များကို အမှား လုပ်မိလျှင် အမှန်ပြင်တတ်အောင် အလိမ္မာနည်းသုံး၍ ဆုံးမထားသည့်အကြောင်း ရေးသားထားသည့် “အတို အရှည်” ဝတ္ထုကဏ္ဍ၊ အလုပ်လုပ်ရာတွင် ပြဿနာတစ်ခု မဟုတ်တစ်ခု ဖြစ်တတ်သော တာပေါင်းအကြောင်း ရေးသားထားသည့် “အရာရာနဲ့ အကြောင်းကြောင်း” ပုံပြင်ကဏ္ဍ၊ စာဖတ်ခြင်းဖြင့် ဉာဏ်ပညာ ဗဟုသုတကို တိုးပွားစေသည့်အပြင် ဘဝအတွက် ဉာဏ်အလင်းရောင် ရရှိစေနိုင် ကြောင်း ရေးဖွဲ့ထားသည့် “လအလင်း နေအလင်း” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

English Daily Conversation ခေါင်းစဉ်အောက်တွင် လက်ထပ်မင်္ဂလာပွဲကျင်းပခြင်းအကြောင်း အပြန်အလှန်ပြောဆိုပုံကို ရေးသားထားသည့် “ရွှေသွေးစကားဝိုင်း အင်္ဂလိပ်စာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ