၃၀ - ၃ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၁၃) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၀ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ(၅၆)၊ အမှတ်(၁၃) ၌ နွေရာသီကျောင်းပိတ်ရက်တွင် သူ့ဦးလေးနှင့်အတူ ဇာတိရွာသို့ သွားခဲ့သော ရွှေပိုးမှာ မြန်မာ့ဓလေ့ဆိုင်ရာ ဗဟုသုတများ ရရှိခဲ့သည့်အကြောင်း တင်ဆက်ထားသည့် “ကျောင်းပိတ်ချိန်” မျက်နှာဖုံးကာတွန်း၊ ပါစီလေး၏ စကားကို နားမထောင်ဘဲ ခြံအပြင်ဘက်သို့ ထွက်သွား သည့်  အောက်နက်၏ ဒုက္ခရောက်ရပုံအကြောင်းကို တင်ဆက်ထားသည့် “မတူရင် မတုနဲ့” နှစ်မျက်နှာ ကာတွန်း၊ ကျောင်းပိတ်ရက်တွင် သူငယ်ချင်းများစုပြီး စာအုပ်နှင့် ဂျာနယ်များစုဆောင်းကာ စာပေရေချမ်း စင်လုပ်ချင်သည့်အကြောင်း တင်ဆက်ထားသည့် “ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်း၊ ဦးဦးကျောက်ဆူး တားနေသည့်ကြားမှ ရေကန်ထဲသို့ ရေဆင်းချိုးသည့် ကိုထက်တစ်ယောက် ရေနစ် သွားသည့်အကြောင်း တင်ဆက်ထားသည့် “လူကြီးစကား နားထောင်ပါ” နှစ်မျက်နှာကာတွန်း၊ ကိုယ့်ကိုယ်ကိုယ် ဘဝင်မြင့်သည့် မှက်ကလေးသည် ကျားကြီးကို အနိုင်ကျင့်နိုင်သော် လည်း ကိုယ်တိုင်မှာမူ ပင့်ကူ၏ စားသောက်ခြင်းကို ခံလိုက်ရသည့်အကြောင်း တင်ဆက် ထားသည့် “မာန်တက်မိလို့” နှစ်မျက်နှာကာတွန်းနှင့် “ကြယ်တွေကို ရေတွက်နိုင်သလား” ဟု ဖိုးတစ်တိုကို သူငယ်ချင်းက မေးသောအခါ ဟာသဉာဏ်ဖြင့် ပြန်လည်ဖြေဆို ထားသည့်အကြောင်း တင်ဆက်ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။


နဂါးမောက်သီးသည် ခန္ဓာကိုယ်အတွက် လိုအပ်သော ဓာတ်များ ပါဝင်ပြီး ကျန်းမာရေး အတွက် အကျိုးကျေးဇူးများစွာရရှိမည့်အကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “နုပျိုကျန်းမာ စေဖို့ နဂါးမောက်သီး စားကြပါစို့” သုတကဏ္ဍ၊ စိတ်သဘောထားကောင်းသည့် ဟီနာနှင့် စိတ်ထား မကောင်းသည့် ရာဘီယာတို့ ညီအစ်မ နှစ်ယောက်အကြောင်း ရေးသားထားသည့် “အာဘတ်နှင့် အမတ်ကြီး၏ သမီး” ပုံပြင်ကဏ္ဍ၊ မိခင်စကားကို နားမထောင်ခဲ့သည့်အတွက် နေအိမ် မီးလောင်သွားခဲ့ ရသည့် ထွန်းတောက်အကြောင်း ရေးသားထားသည့် “အမေ့စကား နားမထောင်မိလို့” ၀တ္ထုကဏ္ဍနှင့် အကြားအမြင် အသိပညာဆိုသည်မှာ တန်ဖိုးရှိ၍ စည်းစိမ်ဥစ္စာဆိုသည်မှာ မတည်မြဲတတ်ကြောင်း ရေးဖွဲ့ ထားသည့် “လောကချမ်းသာ အတတ်ပညာ” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။


ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ