“ဇွဲ” ဘာသာပြန်ရေးသားသည့် “ပင်လယ်ပျော်နှင့် လက်ရွေးစင်ဝတ္ထုတိုများမှ ကောက်နုတ်သော ဝတ္ထုတိုသုံးပုဒ်” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ၂၀၂၁ ခုနှစ် အတွက် စာပေဗိမာန်စာမူဆု၊ ဘာသာပြန်စာပေ(ရသ) ပထမဆုရရှိသည့် ဘာသာပြန်သူ ဇွဲ၏  “ပင်လယ်ပျော်နှင့် လက်ရွေးစင်ဝတ္ထုတိုများမှ ကောက်နုတ်သော ဝတ္ထုတိုသုံးပုဒ်” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် ပြဋ္ဌာန်းခဲ့သည့် ရသဝတ္ထုတို သုံးပုဒ်မှာ ဘဝသရုပ်ဖော်ဝတ္ထုတိုများဖြစ်၍ စွန့်စားမှုအခြေခံ လူမှုဘဝကို ဖော်ပြထားသည်။ လုပ်ဖော်ကိုင်ဖက်ချင်းထားရှိသော သဘောထား၊ ပင်လယ်ပျော်တို့၏ လှုပ်ရှားရုန်းကန်ရသော ဘဝတို့ကို ဇာတ်လမ်းဖွဲ့ ရေးသားထားသည်။ မူရင်းစာရေးဆရာက လက်စွမ်းပြရေးသားထားသည့် အာဘော်ကို အတတ်နိုင်ဆုံး မီအောင်၊ ငုံမိအောင်  ပြန်ဆိုထားသော စာအုပ်ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၃၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ