“တင်တော်” ရေးသားသည့် “ခေတ်စနစ်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့အဆင့်ဆင့်၏ ဖြစ်တည်ဖွံ့ဖြိုးတိုးတက်မှုများ” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“တင်တော်” ရေးသားသည့် “ခေတ်စနစ်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့အဆင့်ဆင့်၏ ဖြစ်တည်ဖွံ့ဖြိုးတိုးတက်မှု များ” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ သုတေသနစာပေ ပထမဆုရရှိသည့် စာရေးဆရာ တင်တော်၏  “ခေတ်စနစ်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့အဆင့်ဆင့်၏ ဖြစ်တည်ဖွံ့ဖြိုးတိုးတက်မှုများ” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက် ရှိသည်။

ယင်းစာအုပ်တွင် သုတေသနစာပေ ပီသစွာ ခေါင်းစီးပေးထားသည်နှင့်အညီ ခေတ်စနစ်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အဆင့်ဆင့်၏ ဖြစ်တည်ဖွံ့ဖြိုးတိုးတက်မှုများကို အခန်းကိုးခန်းခွဲပြီး ပဒေသရာဇ်၊ ပုဂံခေတ်မှစ၍ လက်ရှိအခြေအနေအထိ တစ်ကဏ္ဍစီ ခွဲခြမ်းစိတ်ဖြာ ရေးသားပြုစုထားသည်။ နယ်ချဲ့ကို ချည့်နဲ့တုန်လှုပ်စေသော သမိုင်းဝင် ပုလိပ်သပိတ်ကြီး၊ ရဲတပ်ဖွဲ့ အမျိုးအစား သုံးမျိုး၊ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့(အင်တာပိုလ်) အဖွဲ့ဝင်ဖြစ်ခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ မှုခင်းကျဆင်းရေးနှင့် ပညာပေး သတင်းထုတ်ပြန်ရေးကော်မတီလုပ်ငန်းများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ ပြည်သူများနှင့် ရဲတပ်ဖွဲ့အင်အား အချိုးအစားမမှန်သော်လည်း ပြည်သူ့အသည်း ပြည်သူ့ရဲဖြစ်စေရေးအတွက် စွန့်စားအနစ်နာခံမှုများ၊ တပ်မတော်နှင့် လက်တွဲ၍ နိုင်ငံ့အကျိုး သယ်ပိုးစွမ်းဆောင်မှုများ စသည်ဖြင့် အချက်အလက်၊ အထောက်အထား၊ အကိုးအကား ခိုင်လုံပြည့်စုံစွာ ပြုစုရေးသားထားသော စာအုပ်တစ်အုပ် ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၂၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ