၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများ ပြုလုပ်ပြီး ဆယ်ကျော်သက်လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ် ထုတ်ဝေလျက်ရှိပါသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာရာ ခေတ်မီအကြောင်း ရပ်များနှင့် ယခုလအတွက် ဖော်ပြသည့် “တားဆီးကာကွယ် မီဒီယာအဆိပ်သင့်အန္တရာယ်” မျက်နှာဖုံး ဆောင်းပါးကြီးများ ပါဝင်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် (ဧပြီလ) ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ဖြန့်ချိလိုက်ပြီ ဖြစ်သည်။
၂ဝ၂၄ ခုနှစ်၊ ဧပြီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်တွင် ဒေါက်တာ ခင်မောင်ညို၊ ဆန်းသစ်အောင်(မဟာဝိဇ္ဇာ-အင်္ဂလိပ်ဘာသာစကား) တို့၏ “တားဆီးကာကွယ် မီဒီယာအဆိပ်သင့်အန္တရာယ်” မျက်နှာဖုံးဆောင်းပါးများ၊ နေညိုယဉ်၊ ကောင်းသန့်၊ မောင်ဒီပ (ပညာရေး)၊ ညီညီဖေ၊ ညီမော်သိမ်း၊ ကိုဇော်ဌေး (ယဉ်ကျေးမှု)၊ ကိုကျော်စွာ (ကျိုက်ပိ)၊ ရှင်စောဖြူတို့၏ လူငယ်ရေးရာ ဆောင်းပါးများ၊ အေးထွန်းမင်း၊ ပါမောက္ခကိုကိုအောင်၊ သီတာမြတို့၏ နိုင်ငံတကာဆိုင်ရာဆောင်းပါးများ၊ ထီလာစိုးမြင့်ထယ်၏ သိပ္ပံနှင့် နည်းပညာဆိုင်ရာဆောင်းပါး၊ မြသိန်း၊ ရဲထက်ဇော်တို့၏ သဘာဝ ပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာ ဆောင်းပါးများ၊ သန့်လွင်ထွန်း (MPA) ၏ မသန်စွမ်းသူများဆိုင်ရာ ဆောင်းပါး၊ ခင်မောင်အေး၏ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆောင်းပါး၊ ခြယ်မှုန်းသီ၏ အကြမ်းဖက်မှု ဆိုင်ရာဆောင်းပါး၊ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၊ စောနိုင် (အသုံးချဘောဂဗေဒ) တို့၏ စီးပွားရေးဆိုင်ရာ ဆောင်းပါးများ၊ ဒေါက်တာ မြင့်သန်း၊ ကိုကိုအောင် (အလုပ်သမား)၊ ဒေါက်တာ မြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး) တို့၏ ကျန်းမာရေးဆိုင်ရာဆောင်းပါးများ၊ ဦးဘသန်း (မဟာဝိဇ္ဇာ)၊ စိုးစိုး (ပန်းတောင်း)၊ ဆောင်းဝင်းလတ်၊ ထက်ဝေအောင် (စစ်ကိုင်း)၊ ရန်ကုန်ဌေးဇော်၊ မော် (သန်လျင်) တို့၏ ကဗျာ၊ ဟာသ၊ ဝတ္ထုတို၊ ဖြစ်ရပ်မှန်နှင့် အထွေထွေကဏ္ဍများကို ရောင်စုံ၊ ဖြူ/မည်း သရုပ်ဖော်ပုံ ဝေဝေဆာဆာဖြင့် စီစဉ်တင်ဆက်ထားသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈ သို့ ဆက်သွယ် မှာယူနိုင်ကြောင်း သတင်းရရှိသည်။